Ep 26 (uni)

20.1K 863 91
                                    

ခုဆို လပြည့်ကိုယ်၀န်က 28ပတ်ကျော်လို့ 8လ ထဲ‌တောင် ရောက်လာခဲ့ပြီ။ ကိုယ်၀န်သက် တဖြေးဖြေး ရင့်လာတာနဲ့အမျှ လပြည့်ဗိုက်မှာ မိုးပျံပူပေါင်းလို ဖောင်းကားနေတော့သည်။ အထိုင်အထတွေလည်း မြန်မြန်ဆန်ဆန်မလုပ်နိုင်တော့သလို ဗိုက်ရဲ့အလေးချိန်ကြောင့် လူကခါးတွေပါနာလာ၏။ လမ်းလည်းကြာကြာမလျှောက်နိုင်တော့။ ကိုကိုကတော့ သူအလုပ်သွားတဲ့အချိန်ဆို လပြည့်ကိုအောက်ထပ်မဆင်းခိုင်း။
သူပြန်လာမှ သူနှင့်အတူဆင်းစေပြီး လမ်းကူလျှောက်ပေးသည်။ ထမင်းဟင်းကိုလည်း ကြီးကြွယ်ခေါ်ထားပေးတဲ့ မိုးမိုးဆိုတဲ့ကောင်မလေးက လာပို့ပေးကာ တခြားလိုအပ်တာတွေလည်း မိုးမိုးကပဲ အကုန်လုပ်ပေးတတ်သည်။ တကယ်က သူမရှိတဲ့အချိန် လပြည့်မပျင်းရ‌အောင် အဖော်လုပ်ပေးဖို့ ခေါ်ထားတယ်ဆိုလည်းမမှား။

ကလေးတွေကပဲအစားပုပ်တွေမို့လားမသိ လပြည့်တော့ဗိုက်ဆိုလည်း ခဏခဏဆာနေတော့တာပဲ။ အစားနဲ့ပါးစပ် ပြတ်တယ်ရယ်မရှိ။ ထမင်းက‌တစ်နေ့ကို 4နပ်လောက်စားပြီး ကျန်တဲ့သရေစာတွေက တစ်နာရီခြားတစ်ခါလောက် စားချင်နေတာ။ ခုဆို ကိုယ်၀န်အရှိန်နဲ့ လပြည့်အရင်ကလို ပိန်သေးသေးလေးမဟုတ်တော့။ လူကတုတ်တုတ်လုံးလုံးလေးနဲ့ ရှေ့ကိုဖောင်းကားထွက်နေတဲ့ မိုးပျံပူပေါင်းရယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဘာရုပ်နဲ့တူနေမှန်းပင်မသိတော့ပေ။ ခြေချောင်း လက်ချောင်းတွေဆိုလည်း တုတ်တုတ်လေးတွေဖြစ်လာတာ။ ကိုယ်၀န်ကြောင့် အနည်းငယ်ဖောရောင်တာရောပေါင်း၍  တကိုယ်လုံး လုံးတုံးတုံးဖြစ်နေတော့သည်။ကိုကိုကတော့ အဲ့ဒါကိုပဲ သူ့မှာသဘောတကျကျ။ လပြည့်ကတော့ မကြိုက်ပါဘူး။ ၀လာတယ်ခံစားရလို့ ။

နေ့ခင်းအားရင် စားတယ်၊အိပ်တယ် ပြီးရင် ကလေးလေးတွေနဲ့ စကားပြောလိုက် ကလေးလေးတွေအတွက်၀ယ်ထားတဲ့ ပစ္စည်းတွေလျှောက်ကြည့်လိုက်နဲ့ပဲ အချိန်ကုန်ဖြစ်တယ်။ ကိုကိုကတော့ ခါးတွေနာလိမ့်မယ် ဘာမှမလုပ်နဲ့ပြောလည်းမရ။ လပြည့်ကိုက လျှောက်ဖွနေရတာပျော်တာ။ တစ်ခါတလေအဖွလွန်သွားရင် မိုးမိုးက လာသိမ်းပေးရတယ်။  ဒီနေ့တော့ ကလေးပစ္စည်းတွေမဟုတ်ပဲ ကိုကို့ပစ္စည်းတွေ ‌လျှောက်ဖွလိုက်
သိမ်းလိုက်လုပ်နေလိုက်သည်။

ရှုမငြီးတဲ့ ချစ်ဇနီးလေး (Complete)Where stories live. Discover now