ရှေး-" ဟေ့ ... နင်တို့ကဘာလို့စောနေရတာလဲ မမျှတနေဘူးနော်"
ဆုလင်း-" အဲ့တာနင် အကျင့်မကောင်းလို့ပြန်ခံနေရတာလေ နည်းတောင်နည်းသေးတယ် ဆရာမအချိန်လှဲလိုက်လို့သာပေါ့ အဲ့တာမှအချိန်ခိုးသင်တဲ့ခံစားချက်ကိုနားလည်မာ"
ရှေး မကျေမနပ်ဖြင့်နှာမှုတ်လိုက်သည်။
ယနေ့တွင်တော့ အားလုံးကန်တင်း(၁)တွင်စုမိနေကြသည်။
လင်းသန့် ဘေးမှ nova ကိုကြည့်၍ " ဒီနေ့ဒီမာစားကြမလို့လား "
Novaခေါင်းညိမ့်၍ဖြေလိုက်သည်
" အင်း အချိန်ကနာရီဝက်ဘဲကျန်တော့တာ "
အရင်နေ့များက ရှေးနှင့် novaတို့၂ယောက် အတန်းချိန်စောစောပြီးသောကြောင့် ဆေးဌာနနှင့်နီးသောကန်တင်း၌သာစားကြသည်။ ထို့ကြောင့်လင်းသန့်တို့နဲ့မတွေ့ဖြစ် ။ သို့သော်ယနေ့မှစတင်၍ရံဖန်ရံခါတွေ့ရတော့မည်ထင်၏။
*ဒင်း *
Nova ဖုန်းမှ notiတက်လာ၍ ဖွင့်ကြည့်လိုက်သည်။
" ရှေး ငါအရင်သွားရတော့မယ်ထင်တယ် ကိုယ်တိုင်အတည်ပြုပေးရမည့်ဟာတွေရှိလာလို့ "
ရှေး-" ok ဘာစားချင်လဲ ယူလာပေးခဲ့မယ် "
Nova-" ရေညှိနဲ့ပတ်သက်တာရှိလား "
လင်းသန့်-" ထမင်းလိပ်ဘဲရှိမယ် "
Nova-" အင်း အဲ့တာဘဲစားလိုက်တော့မယ် သွားပြီနော် အားလုံး "
Nova နှုတ်ဆက်ပြီးသည်နှင့် ဆေးဌာနဘက်သို့သွားလိုက်သည်။
လမင်း-" အဟမ်းဟမ်း သွားယူတော့လေ ငါတို့စောင့်ကူနေမယ် "
ရှေးခေါင်းညိမ့်လိုက်သည် ထို့နောက် မဒီကိုကိုကြည့်၍
" စားချင်တာရှိသေးလား "
မဒီခေါင်းယမ်းပြလိုက်ပြီး ဝပါပြီ ဟုဆိုလိုက်သည်
လမင်း-" ဟဲ့ ငါတို့ကရော "
ရှေး ခပ်ညစ်ညစ်ပြုံးလိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲ လက်၂ဖက်ကိုထည့်၍ ပုခုံးတစ်ချက်တွန့်ပြလိုက်သည်
ရှေး-" မေးစရာလိုသေးလို့လား... စားပွဲပေါ်က ၃ပုံ၂ပုံကနင်တို့စားထားတာဘဲဖြစ်ရမယ် ထပ်စားရင်မဟုတ်တော့ဘူး ၊ အို့ ...မဟုတ်မှ မဟာတွင်းနက်ဗိုက် ဂိုဏ်းကများလား "
