chapter 162

203 37 0
                                    

Chapter 162 Cannon fodder family
November 12, 2023
Chapter 162

ထိုသတင်းကိုကြားလိုက်သည်နှင့် ချီရှင်းချန် နေရာမှာတင် ဗိုင်းခနဲလဲ သေချင်သွားသည်။သူ"ချီရှင်းချန်" ၏တည်ရှိမှုကို လူတိုင်းမေ့သွား​အောင်လုပ်ပစ်ချင်လာသည်။ ကမ္ဘာကြီး၏အစွန်းဆုံးမှာ တစ်ယောက်တည်းပဲ ကျန်ရစ်ချင်တော့သည်။

မဟုတ်ဘူး...

သူက ခေါင်းခါလိုက်သည်။ပိုင်ရဲ့က သူ့ကို လှည့်စားနေတာများလား...

ပိုင်ရဲ့က သူ့ကို မကြာမကြာ ညာပြီးဖြီးဖြန်းတတ်သည်။

နောက်ဆုံးမျှော်လင့်ချက် အလင်းရောင်လေးဖြင့် ချီရှင်းချန် တုန်ရီနေသော လက်များဖြင့် အနီရောင်နှင့် အဝါရောင် မျက်လုံးအကြီးကြီးသင်္ကေတကို နှိပ်လိုက်သည်။

မူလပင်မစာမျက်နှာက ဒုတိယပင်မစာမျက်နှာဖြစ်​နေသည်။

နောက်ဆုံးမျှော်လင့်ချက် အလင်းရောင်ရေးရေးလေးဖြင့် သူ ၎င်းကို ထပ်နှိပ်လိုက်သည်။

— —တစ်ညလုံးတမ်းတမိတယ်: [အသဲ] [အသဲ] [အသဲ]

[ရုပ်ပုံ]

ပုံထဲမှာ သူနှင့် ပိုင်ရဲ့၏လက်တွေက တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူတို့၏အရိပ်တွေက တွဲလျက်သားပင်။

ချီရှင်းချန်: "…"

သွားပြီ...အကုန်လုံး သွားပြီ...

ပိုင်ရဲ့ဘယ်လိုတွေးသည်ကို သူ ဂရုမစိုက်နိုင်ပေ။ပန်ကိတ်လို ကုတင်ပေါ်တွင် ပြားပြားကြီးပက်လက်လန်လျက် မျက်နှာကျက်ကို စိုက်ကြည့်နေမိသည်။ ဆိတ်​ငြိမ်ခြင်းသည် နှုတ်ဆက်ခွဲခွာခြင်း၏*ရှန်းရှောင်းဖြစ်ပြီး တိတ်ဆိတ်မှုသည် ယနေ့ည၏ခရာဖြစ်သည်။

(T/N–ကျူရိုးလေမှုတ်တူရိယာ)

ခဏတာ စိတ်ပျက်အားငယ်​နေပြီးနောက် ရုတ်တရက် အတွေးတစ်ခုဝင်လာသည်။

ပုံမှာ မျက်နှာမပါဘူး... လက်နှစ်ဖက်နဲ့ အရိပ်တစ်ခုပဲ... သူ လုံးဝ ငြင်းလို့ရတယ်...

အသက်ရှင်ရန် အခွင့်အလမ်းရေးရေးလေးကို ဆုပ်ကိုင်ရင်း လျင်မြန်စွာထကာ သူ့ဖုန်းကို ပြင်းပြင်းထန်ထန် ရိုက်နှိပ်လိုက်သည်။

ကူးပြောင်းပြီးနောက်အမြောက်စာမိသားစုကိုငါရလိုက်တယ်Where stories live. Discover now