Chapter 14

199 41 0
                                    

အခန်း(၁၄) ကျိကျန်းယွင် ပြန်လာတော့မယ်

"ပြန်သွားဖို့လား" ကျိကျန်းယွင် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“ဖြစ်နိုင်တယ်၊မင်း တောင်းဆိုကြည့်လို့ရတယ်လေ ဒါပေမယ့် အရေးပေါ်တစ်ခုခုဖြစ်လာရင်တော့ မင်း အမြန်ဆုံးပြန်လာရလိမ့်မှာ‌‌ပေါ့” ထုန်တာ့ဟယ်က အမဲသားကိုစားရင်း ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူက မြှောက်ပင့်ချီးကျူးလာ၏။"ငါ့ခယ်မလေး ဟင်းချက်တာ အရမ်းကောင်းတာပဲ ဆေးနံ့နည်းနည်းရပေမယ့် အရသာကောင်းတယ်"

"အမဲသားကြော်လုပ်တုန်းက ဆေးဖက်ဝင်အပင်တွေ ထည့်ချက်ပေးလိုက်တာဖြစ်မယ် သူမအသုံးပြုတဲ့အရာတိုင်းက ခန္ဓာကိုယ်ကို သန်မာစေတယ်လေ" ကျိကျန်းယွင် ရှင်းပြလိုက်သည်။ ပြန်သွားဖို့အတွက်တောင်းဆိုရန် သူအလျင်စလိုဖြစ်နေပြီး သူဖွင့်ထားသည့်အထုပ်ထဲက အရာအားလုံးကို ထုန်တာ့ဟယ်ဆီ တွန်းပို့လိုက်သည်။ "ဒါက ငါ့မိန်းမ လူတိုင်းအတွက် လုပ်ပေးထားတာဆိုတော့ ယူသွားပြီး လူတိုင်းနဲ့ မျှဝေစားလိုက်"

ထုန်တာ့ဟယ်က "ဟေး ဟေး အများကြီးပဲ ဒါက ငါးကျင်း၊ခြောက်ကျင်းလောက်ရှိမယ် ကျေးဇူးပါ ခယ်မလေး!" အမဲသားက စျေးမပေါဘဲ ၎င်းကို တောက်တောက်စင်းကြော်လုပ်ရန် ပိုက်ဆံအများကြီးကုန်ကျပေလိမ့်မည်။ အရေးကြီးဆုံးက အရသာဖြစ်ပြီး ၎င်းက တကယ်စားကောင်းလေသည်။

ထုန်တာ့ဟယ်ထွက်သွားသည်နှင့်တပြိုင်နက် ကျိကျန်းယွင် သူ့အထုပ်ကို ဖွင့်လိုက်သည်။ အထဲတွင် အမဲသားကျင်းတစ်ဒါဇင်နီးပါး ရှိနေပြီး အနံ့တွေက အထဲမှလျှံထွက်နေ၏။ ကျိကျန်းယွင် သူ့ကိုယ်သူမထိန်းချုပ်နိုင်ဘဲ အမဲသားကြော်တစ်ပိုင်း စားကြည့်လိုက်သည်။ အရသာက ချက်ချင်း သူ့ကို အနိုင်ယူသွားလေသည်။

သူ့မိန်းမတွင် ဒါလုပ်နိုင်သည့်အရည်အချင်းရှိမှန်း သူ မသိခဲ့ချေ။

ကျိကျန်းယွင် မသိခဲ့တာကတော့ အမဲသားကို လျှို့ဝှက်ဆန်းကြယ်သောစမ်းရေနှင့် ပြုလုပ်ထားခြင်းဖြစ်ပြီး သူမဝယ်ထားသည့်ဆေးဖက်ဝင်အပင်များစွာ၏ လျှို့ဝှက်ချက်ပြုတ်နည်းများကို ပေါင်းထည့်ထားတာပဲဖြစ်၏။ ၎င်းသည် လိုချင်တပ်မက်မှုကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ခန္ဓာကိုယ်ကိုလည်း သန်မာစေနိုင်သည်။ သူအပြင်မှာ အလုပ်လုပ်ရတာပင်ပန်းမှာကို စူးတန်းဟုန်စိုးရိမ်သောကြောင့် သူ့ခန္ဓာကိုယ်ကိုပြုပြင်ရန်အတွက် သူမ ချက်ပြုတ်နည်းကို မွမ်းမံခဲ့ခြင်းဖြစ်သည်။

ချမ်းသာကြွယ်၀ရန်အတွက် 80ခုနှစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now