အခန်း(၉) ပုလဲနှင့်ကစားနေသည့်နဂါးအမြွှာ
အနီရောင်သရဖူဆောင်းကြိုးကြာငှက်ပုံကို ပန်းထိုးရန် ရက်အနည်းငယ်သာ အချိန်ယူခဲ့ရသည့်အတွက် ကျန့်မြောင်ဟုန် အံ့သြသွားခဲ့သည်။
"ကျွန်မက အားလပ်ချိန်များပြီး ဘာမှလုပ်စရာမရှိဘူးလေ အစ်မဟုန်ကြည့်လို့ရအောင် တတ်နိုင်သမျှမြန်မြန်လေး ပန်းထိုးပေးချင်ခဲ့တာ အဆင်မပြေတဲ့နေရာရှိရင် ပန်းထပ်ထိုးပေးလို့ရတာပေါ့" စူးတန်းဟုန် ပြောလိုက်သည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး တန်းဟုန် ညီမရဲ့ပန်းထိုးလက်ရာက အရမ်းကောင်းတယ်!" ကျန့်မြောင်ဟုန်သည် အသက်ရှည်ခြင်းကိုကိုယ်စားပြုသည့် ကွက်ကွက်ကွင်းကွင်းနှင့် အသက်ဝင်လှသော အနီရောင်သရဖူဆောင်းကြိုးကြာငှက်များကို အကြိမ်ပေါင်းများစွာကြည့်နေမိသည်။
ယခင်က အဝါရောင်အိုရီယိုငှက်ကို ပန်းထိုးနေသည့်အချိန် စူးတန်းဟုန်၏အမြန်နှုန်းကို သူမ မြင်ဖူးသည်။
"ညီမ အစ်မဟုန် နင့်ကို ကွေ့ဝိုက်ပြောမှာမဟုတ်ဘူး ဒီပန်းထိုးလက်ရာကို အပြင်မှာရောင်းရင်သေချာပေါက် ယွမ် 500 လောက်နဲ့ရောင်းနိုင်တယ်၊ ဒါပေမယ့် အစ်မ နင့်ကို 300 ပဲပေးနိုင်တယ် နင်လက်ခံချင်ရဲ့လား" ကျန့်မြောင်ဟုန်သည် အသိပြန်၀င်လာပြီးနောက် ထိုစကားပြောရန် စူးတန်းဟုန်ကိုကြည့်လိုက်သည်။
ဤပန်းထိုးက အလွန်ရှားပါးသည်။ သူမသည် ဤနယ်ပယ်တွင်အချိန်အတော်ကြာအောင် အလုပ်လုပ်ခဲ့ပြီးဖြစ်သော်လည်း ယခုချိန်ထိ ဤမျှအရည်အသွေးကောင်းမွန်သော ပန်းထိုးလက်ရာကို မတွေ့ဖူးခဲ့ချေ။ ၎င်းသည် သူမ၏ ပန်းထိုးဆိုင်က ထိပ်တန်းအဆင့်မဟုတ်သောကြောင့်ဟု သူမတွေးခဲ့ဖူးသည်။ သူမသာ ထိပ်တန်းအဆင့်ပန်းထိုးလက်ရာဆိုင်အဖြစ် ပြောင်းလဲချင်ပါက ပန်းထိုးအရည်အသွေးကို ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်ရမည်ဖြစ်သည်။
သို့သော် ဤပန်းထိုးလက်ရာမျိုးသည် သာမန်လူများဝယ်နိုင်သည့်အရာမဟုတ်ပေ။ သူမတွင် အထူးလမ်းကြောင်းများရှိသော်လည်း ၎င်းကို ပြည်နယ်မြို့တော်သို့ ပို့ဆောင်ရမည်ဖြစ်သည်။
YOU ARE READING
ချမ်းသာကြွယ်၀ရန်အတွက် 80ခုနှစ်သို့ ကူးပြောင်းလာခြင်း
RomanceStatus in COO - 681 chapters + 20 extras Type - Webnovel(CN) Genre - Fantasy, romance, slice of life, Farming , rebirth