Chapter 7

818 105 3
                                    

အခန်း(၇) တန်းဟုန် နင် ပန်းဘယ်လိုထိုးရမလဲဆိုတာ သိတာလား

သူမဧ။်လက်ရာက လက်ဆင့်ကမ်းသင်ယူလာတာများလားဟု အစ်မဟုန်တွေးမိ၏။

ထိုစဉ် စူးတန်းဟုန်မေးလာတာကို သူမကြားလိုက်ရသည်။ “အစ်မဟုန်၊ ညီမရဲ့ပန်းထိုးလက်ရာဈေးနှုန်းကို ဘယ်လောက်တွေးထားလဲ"

လုပ်ငန်းမဆွေးနွေးမီ စျေးနှုန်းကို ဦးစွာညှိနှိုင်းခြင်းက သဘာဝကျ၏။

အစ်မဟုန်သည် ဤအလုပ်ကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က ဖျက်ဆီးခံခဲ့ရသော်လည်း သူမက ပြန်လည်စတင်လုပ်ကိုင်ခဲ့ပြီး သူမတွင် ကိုယ်ပိုင်အရောင်းလမ်းကြောင်းလည်း ရှိလေသည်။ ထို့အပြင် သူမတွင် ထိပ်တန်းပန်းထိုးလက်ရာများ မရှိသောကြောင့် စူးတန်းဟုန်ကဲ့သို့သော ကျွမ်းကျင်သူကို လက်မလွှတ်ချင်သည်မှာ သဘာဝကျလှ၏။

"ညီမလေး ငါ နင့်ကို ဘယ်လိုခေါ်ရမလဲ" အစ်မဟုန်ကပြုံးပြီး သူမကို လက်ဖက်ရည်သောက်ရန် ခေါ်သွားလိုက်သည်။

သူမ ပထမဆုံးဆိုင်ထဲဝင်လာတုန်းက သာမန် ရွာသူအမျိုးသမီးတစ်ယောက်ဟု အစ်မဟုန် ထင်ခဲ့သည်။ သို့သော် သူမထိုင်ချပြီး ပန်းထိုးသည့်အခါတွင်တော့ မတူသည့်လူတစ်ဦးအဖြစ် ပြောင်းလဲသွားသလိုပါပင်။ "စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး အကဲဖြတ်လို့မရဘူး" ဆိုသည့်စကားပုံကို သူမ တကယ်သဘောတူသည်။

စူးတန်းဟုန် သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။တကယ်တော့ ဘာမှဖုံးကွယ်စရာမရှိချေ။

သူမမိတ်ဆက်သည့်စကားကိုကြားပြီးနောက် အစ်မဟုန်က "ဒါကကံကြမ္မာပဲ အစ်မကို ကျန့်‌မြောင်ဟုန်လို့ခေါ်တယ်၊ ညီမကိုတော့ စူးတန်းဟုန်လို့ခေါ်တယ် အစ်မတို့ရဲ့နာမည်မှာ 'ဟုန်' ဆိုတဲ့ စာလုံးပါတယ်"

စူးတန်းဟုန် ပြုံးလိုက်သည်။

"အမှန်တိုင်းပြောရရင် ညီမ‌ အစ်မဟုန် ဒီလုပ်ငန်းလုပ်နေတာ အနည်းဆုံးဆယ်နှစ်လောက်ရှိပြီ၊ ညီမလောက် တော်ပြီး မြန်မြန်ဆန်ဆန်ပန်းထိုးနိုင်တဲ့ ကျွမ်းကျင်သူတစ်ယောက်မှ မတွေ့ဖူးဘူး" ဟု အစ်မဟုန်က ပြောသည်။

ချမ်းသာကြွယ်၀ရန်အတွက် 80ခုနှစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now