Chapter 8

716 87 3
                                    

အခန်း(၈) အရည်အချင်းကို အနည်းငယ်ပြသခြင်း။

တကယ်လည်း မြို့ထဲတွင် ပန်းထိုးဆိုင်တစ်ဆိုင်ရှိသည်။ သူမဖြတ်သွားတုန်းက ထိုပန်းထိုးဆိုင်ကို အမေကျိမြင်ဖူးသည်။ ပန်းထိုးလက်ရာများက ရှေးခေတ်က မမလေးတွေထိုးထားသလိုမျိုး အတော်လေးလှ၏။

"နည်းနည်းပါ ကျွန်မ တိတ်တိတ်လေး သင်ယူနေတာကြာပြီ အရယ်ခံရမှာကြောက်လို့၊ ဒီနေ့တော့ အစ်မဟုန်ဆီသွားပြီး စမ်းကြည့်ခဲ့တယ်" စူးတန်းဟုန်က ဂရုတစိုက်ဖြင့် "အမေ၊ ကျွန်မ ကျန်းယွင်ကို ကူညီပေးချင်တယ်၊ ကျွန်မ ဘာမှမလုပ်ဘဲ အိမ်မှာချည်းဘဲ ဆက်မနေချင်ဘူး ကျွန်မတို့ တစ်မိသားစုလုံးမှာ အမေက ကောင်းကင်တစ်ဝက်လောက်ကို ကိုင်မထားရတယ်လေ"

ဤစကားများသည် အမေကျိအား ပျော်ရွှင်စေသော်လည်း သူမသည် သံသယဝင်ဟန်ဖြင့် သူမခင်ပွန်းကို ကြည့်လိုက်သည်။

လောင်စန်း၏ဇနီးက မိသားစုအားထောက်ပံ့ရန် ငွေရှာနိုင်သည်ဖြစ်စေ၊မရှာနိုင်သည်ဖြစ်စေ သူမသည် ဤကိစ္စနှင့်ပတ်သက်၍ စိတ်အားထက်သန်နေ၏။ မည်သို့ပင်ဆိုစေကာမူ ပန်းထိုးဘောင်များသည် ပိုက်ဆံသုံးစွဲရမည်မဟုတ်ဘဲ သစ်သားကိုသာ အသုံးပြုရမည်ဖြစ်သည်။

အဖေကျိက မေးမြန်းလိုက်၏။ "မင်း ဘယ်လောက်ကြီးတာလိုချင်လဲ"

"သိပ်မကြီးဘူး စားပွဲအရွယ်အစားလောက်ဆို ရပါပြီ" ဟု စူးတန်းဟုန်က ပြန်ဖြေသည်။ သူမသည် ပို၍ခံ့ညားထည်ဝါသော အပိုင်းအစများကို ပန်းထိုးချင်သော်လည်း နောက်ပိုင်းအချိန်ယူခြင်းက သူမအတွက် ပိုကောင်း၏။

"နေ့လည်မှ မင်းအတွက် ငါလုပ်ပေးမယ်" အဖေကျိကတော့ အဆင်ပြေပါသည်။ ဒီပန်းထိုးဘောင်က သူ့အတွက် ကြီးကြီးမားမားကိစ္စမဟုတ်သလို အိမ်မှာလည်း သစ်သားရှိပြီးသားဖြစ်၏။

စူးတန်းဟုန်က "အလျင်မလိုပါဘူး အဖေ၊ အဖေ အချိန်ရမှ လုပ်လို့ရပါတယ်"
သူမက ထိုသို့ပြောသော်လည်း ဒါသည် လောင်စန်း၏ဇနီးက ကျန်းယွင်ကိုကူညီမည်ဟု ပထမဆုံးပြောလာတာပဲဟု အဖေကျိ၏စိတ်ထဲ မှတ်မှတ်ထင်ထင်ရှိနေလေသည်။ ရောင်းနိုင်သည်ဖြစ်စေ၊မရောင်းနိုင်သည်ဖြစ်စေ သူက သူမအပေါ် ရေအေးလောင်းချမည်မဟုတ်ပေ။

ချမ်းသာကြွယ်၀ရန်အတွက် 80ခုနှစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now