အခန်း(၃) - တိုင်ကြားခြင်း
အမေကျိသည် သားဖြစ်သူ ဘေးကင်းကင်းနှင့်ပြန်လာသည့်အတွက် သဘာဝအတိုင်းပင် ပျော်ရွှင်နေသည်။ သူမသားနှင့်ပတ်သက်၍ စိတ်ပူစရာတွေ အများကြီးရှိ၏။ မေးမြန်းကြည့်ပြီးနောက် နေ့လည်ခင်းသူပြန်လာပြီး သူ့မိန်းမလုပ်ပေးသည့် ကြက်ဥပါသည့် ဆန်ခေါက်ဆွဲကိုစားပြီးပြီမှန်း သူမသိလိုက်ရသည်။ လောင်စန်းအိပ်ပျော်နေစဉ် သူ့ဇနီးက သူ့ကိုမနှောင့်ယှက်ဘဲ ခေါက်ဆွဲပန်းကန်ကြီးကြီးတစ်ပွဲပင် ပေးခဲ့သေး၏။ သူမ နှာမှုတ်လိုက်သည်။
စူးတန်ဟုန်ကို သူမ မကျေနပ်သော်လည်း သူမသားအတွက် စားစရာပြုလုပ်ပေးခဲ့သည့်အတွက် အမေကျိကျေနပ်သွားသည်။
စူးတန်းဟုန်တွင် မကောင်းသည့်အချက်ပေါင်းတစ်ထောင်ရှိသော်လည်း သူမသားကို အနည်းငယ်ကောင်းပေး၊ဂရုစိုက်ပေးပါက သူမ(SDH)အမှားကို အမေကျိသည်းခံနိုင်ပေလိမ့်မည်။
ထို့ကြောင့် မူလက သူမသားကို စွပ်စွဲခံရသည့်အကြောင်း ပြောပြတော့မည့် အမေကျိသည် ၎င်းအကြောင်းကို မပြောတော့ဘဲ အပြင်မှ အခြေအနေကိုသာ မေးမြန်းခဲ့၏။
ကျိကျန်းယွင်က သူ့အမေကို တစ်မျိုးပြီးတစ်မျိုး ပြောပြခဲ့သည်။ သတင်းကောင်းသာဖြစ်ပြီး သတင်းဆိုးတော့ မပါ,ပါချေ။ အလုပ်တွေ အများကြီးလည်း ကူညီလုပ်ပေးခဲ့သည်။ တစ်နာရီနီးပါးကြာအောင် နေပြီးနောက် အမေကျိ၏ ညစာစားရန်ဖိတ်ခေါ်ချက်ကို ငြင်းဆန်၍ အိမ်ပြန်သွားသည်။
သူထွက်သွားသည့်အခါ အကြီးဆုံးမရီး ဖုန်ဖန်းဖန်း ၊ သူမ၏အကြီးဆုံးသားနှင့် တွေ့ဆုံခဲ့သည်။ ကျိကျန်းယွင်က ဘာမှမပြောဘဲ ဟုန်ဝါးဇီကို လှမ်းချီလိုက်သည်။ သူ့တူအကြီးဆုံးကိုချီထားပြီး သူ "ဟုန်ဝါးဇီက အတော်ကြီးလာပြီပဲ" ဟုပြောလိုက်၏။
"တတိယဦးလေး၊ သား ဦးလေးကို မှတ်မိနေသေးတယ်!" ဟုန်ဝါးဇီက ထိုသို့ပြောပြီး လည်ပင်းကို ဖက်ထားသည်။
"အိုး မင်းရဲ့မှတ်ဉာဏ်က ကောင်းတာပဲ မင်းကျောင်းစတက်တာနဲ့ အနာဂတ်မှာ အတန်းထဲ နံပါတ်တစ်ဖြစ်မှာ သေချာတယ်" ကျိကျန်းယွင်ပြုံးပြီး ပြောလိုက်သည်။
YOU ARE READING
ချမ်းသာကြွယ်၀ရန်အတွက် 80ခုနှစ်သို့ ကူးပြောင်းလာခြင်း
RomanceStatus in COO - 681 chapters + 20 extras Type - Webnovel(CN) Genre - Fantasy, romance, slice of life, Farming , rebirth