Chapter 13

691 86 1
                                    

အခန်း(၁၃) စမ်းရေ၏အံ့ဖွယ်အသုံး၀င်မှု

အမေကျိက ထိုသို့ပြောသော်လည်း စူးတန်းဟုန်သည် အမေကျိခန်ကုတင်ဆီသွားရန် ကူညီပေးလိုက်ဆဲဖြစ်၏။

အမေကျိက "နင့်ရဲ့အကြီးဆုံးယောင်းမနဲ့ ဒုတိယယောင်းမ ဒီနေ့ ပန်းထိုးတာလေ့လာဖို့ နင့်ဆီလာရဲ့လား" ဟု မေးလိုက်သည်။

"ကျွန်မပြောနိုင်သမျှအရာအားလုံး ပြောပြခဲ့ပေမယ့် သူတို့အတွက်တော့ ပန်းထိုးတာက လွယ်ကူတဲ့ပုံမပေါ်ဘူး" ဟု စူးတန်းဟုန် ပြန်ဖြေလိုက်သည်။

သူမ ဒီနေရာကိုမလာခင် ဖုန်ဖန်းဖန်းနှင့် ကျိမုတန်တို့ဆီ သွားခဲ့သောကြောင့် ဤစကားကြားလိုက်ရသည့်အခါ အမေကျိ အံ့သြမသွားခဲ့ပေ။ အမေကျိသည် သူတို့ကို ဂရုစိုက်ရန်မလိုအပ်ဘူးဟု စူးတန်းဟုန်အားပြောရန်အတွက်သာ လာခဲ့ခြင်းဖြစ်၏။

"အခု နင် သူတို့ကို သင်ပေးပြီးပြီ၊ သူတို့သင်ယူနိုင်သည်ဖြစ်စေ မသင်ယူနိုင်သည်ဖြစ်စေ သူတို့ရဲ့ကိစ္စဖြစ်သွားပြီ အမေက နင် ပန်းထိုးတာကို မြင်ဖူးတယ် ဒီထမင်းပန်းကန်က လူတိုင်းစားဖို့မတတ်နိုင်ဘူး" ဟု အမေကျိ ဆိုလိုက်သည်။

သူမသည် အချုပ်အလုပ်နှင့် ပြန်လည်ဖာထေးခြင်းအကြောင်း များစွာသိသော်လည်း ပန်းထိုးခြင်းကတော့ မတူပါချေ။

အမေကျိ၏အကြည့်များက စူးတန်းဟုန် ပန်းထိုးနေသည့် ရွှေရောင်နဂါး၏မျက်လုံးများအပေါ်   ရောက်သွားပြီးနောက် လောင်တာ့ဇနီးနှင့် လောင်အာ့၏ဇနီးတို့ အဘယ်ကြောင့် ထိုကဲ့သို့ရှော့ခ်ရသွားကြမှန်း သူမ ချက်ချင်းသဘောပေါက်သွားသည်။ သူမ လောင်စန်း၏ဇနီးပန်းထိုးထားသည့် ရွှေရောင်နဂါးကို စစ်ဆေးလိုက်သည်။ ၎င်းက အစွမ်းထက်လွန်း၍ အသက်၀င်လုနီးပါးပင်ဖြစ်နေသည် ။ အကြည့်တစ်ချက်နှင့်တင် သူမတစ်ကိုယ်လုံး သက်တောင့်သက်သာဖြစ်ပြီး အေးချမ်းသွားသလို ခံစားလိုက်ရ၏။

"ဒီတစ်ခါ ပုလဲနဲ့ကစားနေတဲ့ နဂါးအမြွှာကို ကျွန်မ ပန်းထိုးခဲ့တယ်  ဒါက ပိုရောင်းကောင်းလိမ့်မယ်လို့ အစ်မဟုန်ပြောတယ်" ဟု စူးတန်းဟုန်ဆိုလိုက်သည်။

ချမ်းသာကြွယ်၀ရန်အတွက် 80ခုနှစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now