Chapter 11

590 65 0
                                    

အခန်း(၁၁) ဆေး၀ယ်လာခိုင်းခြင်းသာ

"အမေ၊ ထလိုက်ပါနော်! ယောင်းမက တကယ်ဖောက်ပြန်ရဲတယ်ဆိုရင် သူမကို နှိပ်ကွပ်ရမှာပေါ့ ဒါပေမယ့် ကိစ္စ‌တွေကို အရင်ရှင်းအောင်လုပ်ရမယ်လေ" စူးတန်ဟုန် အမြန်ပြောလိုက်သည်။

အမေစူးသည် ဒုတိယယောင်းမစူးကို ကြိမ်ဖန်များစွာ ရက်ရက်စက်စက်ဆွဲဆိတ်လိုက်ပြီး သူမ၏မျက်နှာကို နာကျင်မှုကြောင့် ဖြူဖျော့သွားစေ၏။ သို့သော် သူမ အံတင်းတင်းကြိတ်ထားပြီး အော်မငိုဝံ့ပေ။

"အမေ၊ ကြည့်ပါဦး! ဒီမှာ အမေအတွက် သမီးက ဘယ်လောက်ကောင်းတဲ့ပစ္စည်းတွေကို ယူလာပေးလဲဆိုတာမြင်ရဲ့လား" စူးတန်းဟုန် အာရုံပြောင်းသည့်အနေဖြင့် ထုတ်ပြောလိုက်၏။

ထိုအချိန်မှာသာ အမေစူးသည် သူမလက်ထဲရှိ ဝက်သားနှင့် ၀က်နံရိုးအပိုတွေကို သတိထားမိပြီး "နင်က ကျင့်၀တ်သိတတ်တဲ့ကောင်မလေးပဲ"

စူးတန်းဟုန် အသားများကို အမေစူးဆီ လက်နှစ်ဖက်နှင့်တွန်းပို့ပေးလိုက်ပြီး သူမထိုင်ရန် ကူညီပေးလိုက်သည်။ "ဘာတွေဖြစ်နေတာလဲ၊ အမေတို့ ရန်ဖြစ်သံကြားရတုန်းက သမီး အပြင်မှာရှိနေတာလေ ဖြတ်သွားဖြတ်လာတွေကို ရယ်စရာစကားကြားစေမိမှာ မစိုးဘူးလား"

"ယောင်းမ နင် ဒုတိယယောင်းမကို ယုံရမယ်နော် ဒုတိယယောင်းမက အဲ့ဒီလိုမျိုး တကယ်မလုပ်ခဲ့ပါဘူး၊ ငါအမှန်တိုင်းပြောနေတာပါ!" ဒုတိယယောင်းမစူးက ရုတ်တရက်ထအော်ပြန်၏။

"ဘာလုပ်ရမှန်းမသိရင် နင် ဘာလို့ အ၀တ်သွားမလျှော်တာလဲ?" အမေစူးသည် သူမကို စူးစူးဝါးဝါးကြည့်၍ ကြိမ်းမောင်းလိုက်သည်။

ဒုတိယယောင်းမစူးသည် တစ်ခုခုပြောချင်နေသေးသော်လည်း အမေစူး၏မျက်လုံးများက သူမကို တစ်စစီဆုတ်ဖြဲချင်နေပုံပေါ်သောကြောင့် သူမသည် ရှုံးနိမ့်သွားသည့် ကြွက်ကလေးတစ်ကောင်ကဲ့သို့ အဝတ်လျှော်ရန် ခြံထဲသို့သွားလိုက်သည်။

"အမေ၊ ဘာတွေဖြစ်နေတာလဲ၊ အမေ ဒုတိယယောင်းမနဲ့ သင့်သင့်မြတ်မြတ်နေတာ မကောင်းဘူးလား" စူးတန်းဟုန် မေးခွန်းထုတ်လိုက်မိ၏။

ချမ်းသာကြွယ်၀ရန်အတွက် 80ခုနှစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now