Chapter 5

933 111 0
                                    

အခန်း(၅) - ယောက်ျားအတွက် အဝတ်အစားများပြုလုပ်ပေးရန် အထည်များဝယ်ယူခြင်း

စူးတန်းဟုန် စိမ့်ထွက်နေသော စိမ့်စမ်းရေများကို စေ့စေ့စပ်စပ် လေ့လာခဲ့သည်။ သူမ ၎င်းကို အငုံအနည်းငယ်သောက်လိုက်သေး၏။ ကြည်လင်သောအရသာမှတပါး အခြားဘာအကျိုးသက်ရောက်မှုမှ မရှိပါချေ။

စူးတန်းဟုန် ၎င်းကို စိတ်မ၀င်စားတော့သည်မို့ ပိုက်ဆံအနည်းငယ်ယူ၍ တံခါးသော့ခတ်ပြီး မြို့ထဲသွားခဲ့သည်။

သူမ၏ယခင်ဘဝတွင်၊ သူမသည်  သူမတစ်ယောက်တည်း မိသားစုတံခါးပေါက်အပြင်ဘက်သို့ ခြေလှမ်းနှစ်လှမ်းအပြင် ဘယ်တော့မှ ပိုမလှမ်းခဲ့ဖူးပေ။ သူမ၏ဆယ့်ခြောက်နှစ်တာလုံး တံခါးကို သုံးကြိမ်သာ ဖြတ်ကျော်ဖူး၏။

သူမ၏ရှစ်နှစ်ပြည့်မွေးနေ့တွင် သူမ ကျန်းမာစွာ ကြီးပြင်းလာမည်ဟု မျှော်လင့်ပြီး ဆုတောင်းပေးရန်အတွက် မိခင်ဖြစ်သူက သူမအား ဘုရားကျောင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

သူမ၏ဆယ်နှစ်မြောက်မွေးနေ့တွင်  လက်ထပ်၀င်ရောက်ရန် မိသားစုကောင်းရှာဖွေနိုင်မည်ဟု မျှော်လင့်ပြီး မိခင်ဖြစ်သူက သူမကို ဘုရားကျောင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

နောက်ဆုံးအကြိမ်က သူမအသက် ဆယ့်ငါးနှစ်တွင်ဖြစ်ပြီး ၎င်းက သူမ၏မွေးနေ့မဟုတ်ပေ။ သို့သော်လည်း မိခင်ဖြစ်သူက သူမကို အမွှေးတိုင်ထွန်း၍ ဆုတောင်းရန် ပြောခဲ့ပြန်သည်။

သူမ ထိုသုံးကြိမ်သာ အပြင်ထွက်ဖူးသည်။ ထို့အပြင်၊ အကြိမ်တိုင်းက လျင်မြန်ပြီး အစေခံများက သူမဘေးတွင် ရှိနေတတ်ကြ၏။

ယခုဘဝတွင်တော့ သူမတစ်ယောက်တည်း မြို့ထဲ သွားနိုင်ခဲ့လေပြီ။ စူးတန်းဟုန်သည် သူမ၏မှတ်ဉာဏ်ထဲကအတိုင်း လမ်းလျှောက်သွားလိုက်သည်။ သူမကိုချည်နှောင်ထားသည့်သံကြိုးတွေကနေ လွတ်သွားသလို ခံစားခဲ့ရပြီး သူမလုပ်ချင်တာမှန်သမျှ လုပ်နိုင်၏။

ဒါက အပျော်ရွှင်ရဆုံးအရာပါပင်။

သူမ၏မှတ်ဉာဏ်မှနေ၍ အခမဲ့အသုံးပြုခွင့်မူဝါဒကို လွန်ခဲ့သောနှစ်အနည်းငယ်က အတည်ပြုခဲ့မှန်း သိထားသည်။ ဒီမတိုင်ခင်က တိုင်းပြည်သည် မတည်မငြိမ်ဖြစ်နေပြီး အရာရာကို သတိကြီးကြီးထားရမည်ဖြစ်၏။ မဟုတ်ပါက ဝေဖန်ခံရဖို့ လွယ်ကူသည်။

ချမ်းသာကြွယ်၀ရန်အတွက် 80ခုနှစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now