အခန်း(၁၂) စိတ်ပျက်လက်ပျက်ဖြင့် ပြန်သွားရခြင်း
"ဆေးသွားယူတာ? ယောင်းမ သွားယူစေချင်တာ ဘာဆေးမျိုးလဲ" စူးတန်းဟုန် မေးလိုက်သည်။
"အဲ့ဒါ...အဲ့ဒါက ကလေးရဖို့အတွက် သောက်ရတဲ့ဆေးမျိုး" ဟု ဒုတိယယောင်းမစူးက တခဏလောက်ချီတုံချတုံဖြစ်ပြီးနောက် သူမကို ပြောပြလာခဲ့၏။
စူးတန်းဟုန် ချက်ချင်းသဘောပေါက်သွားသည် ။
"ဖောက်ပြန်တဲ့အကြောင်း အမေပြောတာတွေက တကယ်မဟုတ်ဘူး အဲ့ဒါ အကြီးဆုံးယောင်းမရဲ့ စကားကို အမေနားထောင်ပြီးနောက်မှသာ သံသယလွန်ကဲသွားတာ!" ဒုတိယယောင်းမစူးက အံကြိတ်ရင်းဆို၏။
"အကြီးဆုံးယောင်းမက ထပ်ပြီး ဆွပေးပြန်ပြီလား" စူးတန်းဟုန် မျက်မှောင်ကြုတ်လိုက်မိသည်။
"သူမ,မဟုတ်ရင် ဘယ်သူရှိမှာလဲ! အမေ ငါ့ကို ရိုက်တုန်းက သူမ ပြတင်းပေါက်ဖွင့်ပြီး ချောင်းကြည့်နေတာတွေ့တယ် ပြုံးရွှင်နေတာပဲလေ" ဒုတိယယောင်းမစူးက ထအော်သည်။
စူးတန်းဟုန်က ခေါင်းညိတ်လိုက်ပြီး "အဝတ်လျှော်ဖို့ ယောင်းမ ရေနွေးနည်းနည်းယူရမယ် အအေးမိသွားရင် ကိုယ်ဝန်ရဖို့ ပိုခက်ခဲလိမ့်မယ်"
ဒုတိယယောင်းမစူးက “တကယ်လား” ဟု မမေးဘဲမနေနိုင်ခဲ့ချေ။
"ဟုတ်တယ်" စူးတန်ဟုန် ပြန်ဖြေပြီး ထရပ်လိုက်သည်။ "အမေနဲ့သွားပြောလိုက်မယ်"
သူမ မီးဖိုချောင်ထဲဝင်လာတော့ အမေစူးသည် ဝက်သားနှင့် နံရိုးအပိုအားလုံးကို ခုတ်ပိုင်းပြီးသည့်အပြင် ရေပါရေတွက်ပြီးသွားပြီဖြစ်သည်။
စူးတန်းဟုန်က "အမေ၊ ဒုတိယယောင်းမက သူမ ဖောက်ပြန်ဖို့မကြိုးစားခဲ့ဘူးလို့ ပြောတယ် သူမက ဘေးအိမ်ကလူပြက် မြို့ထဲသွားရင် သူမအတွက် ဆေးယူလာပေးဖို့ ပြောချင်ရုံပဲတဲ့ သူမက ကိုယ်ဝန်ရနိုင်တဲ့ဆေးလိုချင်နေတာ"
"ဟမ်၊ သူမရဲ့ဆင်ခြေတွေကို နားမထောင်စမ်းပါနဲ့" အမေစူးက လှောင်ပြောင်လိုက်သည်။
"အဲဒီလူပြက်က ဘေးအိမ်ကပဲလေ သူ့ကို အခုချက်ချင်း ဝန်ခံခိုင်းလိုက်လို့မရဘူးလား အမေ၊ ဘာလို့ သွားမမေးကြည့်တာလဲ" စူးတန်းဟုန် မေးလိုက်သည်။
YOU ARE READING
ချမ်းသာကြွယ်၀ရန်အတွက် 80ခုနှစ်သို့ ကူးပြောင်းလာခြင်း
RomanceStatus in COO - 681 chapters + 20 extras Type - Webnovel(CN) Genre - Fantasy, romance, slice of life, Farming , rebirth