အခန်း(၂) - အစာစားချင်စိတ်
စူးတန်းဟုန်၏ ရုတ်တရက်အော်သံကြောင့် ကျိကျန်းယွင် ထိတ်လန့်သွားပြီး သူမကိုယ်တိုင်လည်း ရှော့ခ်ရသွားသည်။ “မိန်းမ၊ မင်းဒီမှာရှိနေတာလား ကိုယ်မင်းကိုခေါ်တာ ဘာလို့ပြန်မထူးတာလဲ”
စူးတန်းဟုန်သည် အလင်းရောင်နှင့်ဆန့်ကျင်ဘက်ရှိ ထိုလူကိုကြည့်လိုက်သည်။ သူမ အသိစိတ်ပြန်၀င်လာပြီးနောက် ပါးပြင်များ နီမြန်းသွားတော့သည်။ သူမကြီးပြင်းလာသည့်အချိန်အတောအတွင်း သူမအစ်ကို၊အဖေနှင့် စကားပြောရုံမှလွဲ၍ အခြားယောက်ျားများနှင့် အဆက်အသွယ်မရှိခဲ့ပေ။
သို့သော် သူမရှေ့မှ အရပ်ရှည်ရှည်နှင့် စစ်သားသည် ဤဘဝရှိ သူမ၏ခင်ပွန်းဖြစ်သည်။ သူမတို့ လက်ထပ်ပြီးသွားပြီဖြစ်သလို သူမတွင်လည်း ထိုမှတ်ဉာဏ်တွေရှိသည်။ သူမ ယခင်က တခါမှမတွေ့ဖူးသည့်လူ ပြန်ရောက်လာလေပြီ။ ထိုလူကိုမြင်သည့်အချိန် သူမ၏နှလုံးသားက သမင်လေးတစ်ကောင် ကဆုန်ပေါက်နေသလိုပင်။ သူမ၏ပါးပြင်များပင် ပူလောင်နေသလို ခံစားနေရ၏။
"ကျွန်မ.. ကျွန်မရေချိုးနေလို့ ရှင်ခေါ်တာကိုမကြားဘူး" စူးတန်းဟုန်သည် သူမ၏အရပ်ရှည်ရှည်ခင်ပွန်းကို မကြည့်ဝံ့ပေ။သူမက သူမကိုကြည့်နေသည့် မျက်လုံးများကို ရှောင်လိုက်ပြီး စကားအနည်းငယ်ပင် ထစ်သွားသေးသည်။
ကျိကျန်းယွင် သူ့ဇနီးကို သံသယနှင့် ကြည့်လိုက်သည်။သူမ တစ်ခုခုဖြစ်နေတယ်လို့ သူဘာကြောင့်ခံစားရတာလဲ။ သူမက အခုလေးတင် သူ့ကို အိမ်ပြန်မလာတဲ့ အပျော်အပါးမက်တဲ့လူကြီးလို့ခေါ်ပြီး အခုကျတော့ ရေချိုးနေတယ်လို့ ပြောပြန်တယ်။ ဒါက ပြဇာတ်တစ်ခုကနေ သူမသိခဲ့တဲ့ ဝေါဟာရအသစ်များလား။
သို့သော် သူမ နတ်ဆိုးမဖြစ်လာသရွေ့တော့ အဆင်ပြေပါသည်။ သူက တစ်နှစ်ပတ်လုံး အပြင်ထွက်နေရပြီး တစ်နှစ်မှာ ရက်အနည်းငယ်သာ အိမ်ပြန်ရ၏။
"ရေချိုးပြီးပြီလား ကိုယ်ခဏအိပ်ချင်လို့" ကျိကျန်းယွင် ထိုသို့ပြောလိုက်သည်။
ထိုအချိန်မှသာ စူးတန်းဟုန်သည် သူ့တွင် အိပ်ရေးမဝသလို ညိုမဲနေသည့်အမဲဝိုင်းများ ရှိနေသည်ကို သတိပြုမိသွားရသည်။ "ပြီးပြီ ရှင်စားပြီးပြီလား၊ ကျွန်မ ရှင့်အတွက် တစ်ခုခုလုပ်ပေးရမလား?"
YOU ARE READING
ချမ်းသာကြွယ်၀ရန်အတွက် 80ခုနှစ်သို့ ကူးပြောင်းလာခြင်း
RomanceStatus in COO - 681 chapters + 20 extras Type - Webnovel(CN) Genre - Fantasy, romance, slice of life, Farming , rebirth