Chapter 4

1.6K 142 15
                                    

အခန်း(၄) - နွေဦးပန်းများပွင့်ခြင်းနှင့် စမ်း(ရေ) ပေါ်လာခြင်း

စူးတန်းဟုန်ရေနွေးကျိုပြီး အပြင်ပြန်ထွက်လာသည့်အခါ ရေကန်က ရေပြည့်နေပြီး သူမခင်ပွန်းက ထင်းခွဲနေသည်ကို တွေ့လိုက်ရသည်။

"ရှင် ရေအရင်ချိုးလိုက်လေ" စူးတန်းဟုန် ပြောလိုက်သည်။

"စောနေသေးတယ် အိုးထဲကရေက ချက်ချင်းအေးသွားမှာမဟုတ်ပါဘူး ကိုယ် ထင်းအရင်ခွဲလိုက်မယ်" ဟု ကျိကျန်းယွင်က ခေါင်းမမော့ဘဲ ထင်းခုတ်နေရင်းပြောလာ၏။

"ရှင် ဘယ်နှစ်ရက်နေမှာလဲ  မြန်မြန်သွားပြီး ဆေးကြောလိုက်ပါ ထင်းကို မနက်ဖြန်ခွဲလို့ရတယ်" ဟု စူးတန်းဟုန်ပြောပြန်သည်။

ကျိကျန်းယွင် သူမကို ကျီစယ်ချင်ဟန်ကြည့်လာပြီး ထင်းကို တစ်ဖက်သို့ချထားလိုက်သည်။ သူရေနွေးယူပြီး ဆေးကြောရန် အိမ်ထဲပြန်၀င်သွားလိုက်၏။

စူးတန်းဟုန် အနည်းငယ်ပဟေဠိဖြစ်သွားရသည်။ သူမယောက်ျားရဲ့အမူအရာက ဘာလို့ နည်းနည်းထူးဆန်းနေပုံရတာလဲ။

"မိန်းမ" အခန်းထဲမှကျိကျန်းယွင်က သူမကိုခေါ်သည်။

"ဘာလဲ၊ ရေက မပူဘူးလား" စူးတန်းဟုန် တံခါးအပြင်ဘက်ကနေ မေးလိုက်၏။

"ကိုယ့်ကျောကို လာပြီး ကူပွတ်ပေးဦး" ကျိကျန်းယွင် ထိုသို့ပြောလိုက်သည် ။ ယခင်ကဆိုလျှင် သူဒီလိုပြောရဲမည်မဟုတ်ချေ။ သို့သော်လည်း သူ့ဇနီးသည်က ဒီနေ့ အရမ်းထူးဆန်းနေသည်ဟု သူ့ကိုခံစားရစေသည်။ ဘာကြောင့်မှန်းသူမသိသော်ငြား ဒီစကားတွေပြောလိုက်မိသည်။

တံခါးနားရှိစူးတန်းဟုန်က သူပြောတာကြားလိုက်ရတော့ မျက်နှာနီရဲသွား၏။

"မိန်းမ?" ကျိကျန်းယွင် ထပ်ခေါ်သည်။

မည်သို့ပင်ဆိုစေကာမူ သူက သူမ၏လူဖြစ်သည်။ ပွတ်ပေးဆိုတော့လည်း ပွတ်ပေးလိုက်ပေါ့။

စူးတန်းဟုန် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုအချို့ပြုလုပ်ပြီးနောက် တံခါးကို တွန်းဝင်သွားလိုက်သည်။ သူမခင်ပွန်းက သစ်သားအင်တုံကြီးထဲတွင် ကိုယ်လုံးတီးထိုင်နေပြီး သူမကိုကြည့်နေသည်။

ချမ်းသာကြွယ်၀ရန်အတွက် 80ခုနှစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now