Chapter 15

603 86 0
                                    

အခန်း(၁၅) သူမဘာသာသူမ ဘယ်လိုလုပ် ပိုက်ဆံရှာနိုင်ခဲ့တာလဲ


သူမ ထိုသို့ပြောလိုက်သည်နှင့်တပြိုင်နက် အမေကျိ မျက်မှောင်ကြုတ်သွားသည်။ "အဲဒါ နင့်ရဲ့တတိယယောင်းမလေ နင်နဲ့ဘာဖြစ်ထားလို့ သူမကို နာမည်ခေါ်နေရတုန်းပဲလဲ"

ကျိယွင်ယွင် အံသြသွားသည်။ စူးတန်းဟုန်ကို သူမ ခေါ်သည့်ပုံစံကြောင့် သူမအမေက သူမအား ထိုသို့ပြောလိမ့်မည်ဟု ကျိယွင်ယွင် မထင်မိခဲ့ပါချေ။ သူမ ယခင်ကလည်း စူးတန်းဟုန်ကို ထိုသို့ခေါ်ဖူးပြီး နာမည်တပ်မခေါ်ရန် သူမအမေ သူမအားပြောလာခဲ့ခြင်းမရှိပေ။

"အမေ၊ စူး..." ကျိယွင်ယွင် သူမနာမည်ကို ပြောချင်နေသေးသော်ငြား သူမ(ကယယ)ကို အမေကျိက စိုက်ကြည့်နေသောကြောင့် ပြောင်းလဲလိုက်ရုံသာတတ်နိုင်၏။ သူမက "တတိယယောင်းမ ဘာဖြစ်သွားတာလဲ၊ သမီး သူမကို အခုနကတွေ့လိုက်တာ မှတ်တောင်မမှတ်မိဘူး၊ သူမက ဘာလို့ မတူတော့တဲ့ပုံပေါ်နေတာလဲ" ဟု မေးလိုက်သည်။

"ဒီရက်ပိုင်း တန်းဟုန်က အများကြီးရိုးသားလာတယ်၊ ဒါပေမယ့် အဲ့ဒါက သူမရွေးချယ်ခံရတုန်းက အမေမြင်ခဲ့တဲ့အရာပဲ မဟုတ်ဘူးလား" အမေကျိ ထိုသို့ပြောပြီး သူမဧ။်အမြော်အမြင်ရှိမှုအတွက် ဂုဏ်ယူနေမိ၏။

လောင်စန်းဇနီးသည်၏ ပထမသုံးနှစ်တာကာလသည် ပြောမပြနိုင်လောက်အောင် ကြောက်စရာကောင်းသော်လည်း၊ သူမ ကြိုးဆွဲချပြီးကတည်းက ဤနာကျင်စရာသင်ခန်းစာကို မှတ်မိသွားသည်။ ကျိကျန်းယွင်က သူမကို ပညာပေးလိုက်သည့်သူ ဖြစ်ပေလိမ့်မည်။ လောင်စန်းရဲ့ဇနီး အခု ဘယ်လိုဖြစ်သွားပြီလဲ ကြည့်လေ။

နူးညံ့သိမ်မွေ့၍ ‌မိန်းမကောင်းလေးဖြစ်လာပြီး ၊ သိမ်မွေ့၍ ကျင့်၀တ်သိတတ်လာကာ သူမတို့ဇနီးမောင်နှံကိုလည်း ကောင်းစွာဆက်ဆံသည်။ ယခင်ကလိုလက်ဖွာပြီး ပိုက်ဆံများစွာ သုံးဖြုန်းနေရုံလေးသာ။

သို့သော်လည်း လောင်စန်း၏ဇနီးသည် ကိုယ်တိုင် ပိုက်ဆံရှာထားခြင်းဖြစ်သောကြောင့် သူမ ဘာမှမပြောနိုင်ပေ။ သူမ၏ပန်းထိုးလက်ရာအစတစ်ခုသည် လူတစ်ဦး၏တစ်နှစ်ဝင်ငွေနှင့် ညီမျှသည်။

ချမ်းသာကြွယ်၀ရန်အတွက် 80ခုနှစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now