Chapter 6

768 94 1
                                    

အခန်း(၆) ကျွမ်းကျင်အဆင့်ပန်းထိုးစွမ်းရည်

"ကောင်းပြီ၊ နင်တစ်ယောက်တည်းနေတာဆိုတော့ အိမ်ကိုကာကွယ်ဖို့ ခွေးတစ်ကောင်ရှိတာ ပိုကောင်းလိမ့်မယ်  အရင်က နင့်ကို တစ်ကောင်မွေးဖို့ ငါပြောခဲ့ဖူးပေမယ့် နင်သဘောမကျသလို ဆန္ဒလည်းမရှိဘူးလေ" ဟု အမေကျိက ကျေနပ်စွာ ပြန်ဖြေလိုက်သည်။ လောင်စန်း၏ဇနီးသည် သူမကိုယ်သူမ ကြိုးဆွဲချရန်ကြိုးစားပြီးနောက် ရင့်ကျက်လာပြီမှန်း သူမသိလိုက်သည်။

အဆုံးတွင်တော့ သားဖြစ်သူရဲ့ဇနီးကို သူမရွေးချယ်ခဲ့တာဖြစ်၏။ စူးတန်းဟုန်က သူမသားကို ကောင်းစွာပြုစုစောင့်ရှောက်ရန် သင်ယူလိုစိတ်ရှိသရွေ့ အတိတ်က သူမကျူးလွန်ခဲ့သော အရာများကို အမေကျိ မေ့ပစ်ရန်ဆန္ဒရှိပါသည်။

အမေကျိက ပြုံးပြီး ဖက်ထုပ်တစ်ပန်းကန်နှင့် ပြန်သွားသည်။

အဖေကျိသည် အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရပြီး မေးလိုက်၏။"လောင်စန်းရဲ့ဇနီးနဲ့ မင်းစကားများခဲ့လား"

အကြိမ်ပေါင်းများစွာ အိမ်တွင်သွားရှာခဲ့သော်လည်း လောင်စန်း၏ ဇနီးကို မတွေ့ခဲ့ရသောကြောင့် သူ့ဇနီး ယခုလေးတင်ထွက်သွားတုန်းက  ဒေါသတကြီးဖြစ်နေခဲ့သည်။ ဆူဆူညံညံထပ်ဖြစ်လာတော့မည်ဟု သူထင်ခဲ့ပြီး သူ့ဇနီးက စိတ်ကောင်း၀င်နေဟန်ဖြင့် ပြန်လာမည်ဟုတော့ မထင်မိခဲ့ပေ။ သူမက လောင်စန်း၏ဇနီးထံမှ ဖက်ထုပ်တစ်ပန်းကန်ကိုလည်း ပြန်ယူလာသေးသည်။

"တန်းဟုန်က လိုက်သွားနေတာမဟုတ်ဘူး ကျန်းယွင် ဒီတခေါက်ပြန်လာတုန်းက ဝတ်စရာအဝတ်အစားသိပ်မရှိတာကို သူမမြင်တော့ သူ့အတွက် အဝတ်အသစ်နှစ်စုံလုပ်ပေးဖို့ အထည်တစ်ထည်ဝယ်ဖို့ မြို့ထဲသွားတာတဲ့ ကျန်းယွင်အတွက် ဆွယ်တာအင်္ကျီထိုးပေးဖို့ ချည်ခင်တွေလည်း ၀ယ်လာခဲ့သေးတယ်ဆိုပဲ အထည်ရောင်းတဲ့အစ်မဆီက ချည်ဘယ်လိုထိုးရလဲဆိုတာသင်ဖို့ အချိန်တော်တော်ယူလိုက်ရတယ်လို့ သူမကပြောတယ်" အမေကျိကပြုံးပြီး ပြောသည်။

သူမ ပြောတာကိုကြားပြီးနောက် အဖေကျိ ခေါင်းညိတ်လိုက်သည်။

ချမ်းသာကြွယ်၀ရန်အတွက် 80ခုနှစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now