Chapter 10

678 73 1
                                    

အခန်း(၁၀) စူးမိသားစု၏မိခင်နှင့်ချွေးမကြားမှ ရန်ပွဲ

ပန်းထိုးတာကနေ သူမ ဘယ်လိုလုပ် တကယ်ငွေရှာနိုင်ခဲ့တာလဲ။

ဖုန်ဖန်းဖန်း မေးလိုက်သည်။"ဒါဆို နင် ဘယ်လိုပန်းထိုးအမျိုးအစားမျိုး ပြခဲ့တာလဲ"
"အသက်ရှည်ခြင်းကို ကိုယ်စားပြုတဲ့ အနီရောင်သရဖူဆောင်းကြိုးကြာငှက်တွေကို အစ်မဟုန်ဆီပြခဲ့တာလေ အကြီးဆုံးယောင်းမ ရှင်မြင်ချင်ရင် ကျွန်မအလုပ်အပြီးသတ်မယ့်အချိန် မနက်ဖြန်မနက် လာခဲ့လေ" ဟု စူးတန်းဟုန် ပြောလိုက်သည်။
တိကျသေချာသော အဖြေတစ်ခုကို ရရှိသွားသည့်အခါ ဖုန်ဖန်းဖန်းသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူမက စူးတန်းဟုန်လက်ထဲရှိ ဝက်သားနှင့် ၀က်နံရိုးတွေကို ကြည့်ပြီး မေးလိုက်ပြန်၏။“ဒါတွေက ဘယ်ကရတာလဲ”

"အိုး၊ ကျွန်မ ပိုက်ဆံနည်းနည်း ရှာခဲ့တယ်မဟုတ်ဘူးလား၊ အဖေနဲ့အမေကို ဝတ်တရား‌ကျေပွန်ချင်ရုံလေးပါ" စူးတန်းဟုန် ပြုံးလိုက်သည်။

အဖေကျိနှင့် အမေကျိသည် အလွန်ချွေတာသောဘဝဖြင့် နေထိုင်ခဲ့သည်။ နောက်ဆုံးတခေါက် သူမလာတုန်းက သူတို့၏ထမင်းစားပွဲပေါ်တွင် ဟင်းသီးဟင်းရွက်ချဉ်နှင့် မြေပဲဆားလှော်တွေသာရှိပြီး ၎င်းကိုမြင်လိုက်ရသည့်အချိန် သူမတကယ်သည်းမခံနိုင်ခဲ့ချေ။

ဖုန်ဖန်းဖန်း ထိုစကားကိုကြားသောအခါ ဘာမှပြန်မပြောပေ။ သူမ စိတ်ထဲတွင်သာ လှောင်ပြောင်လိုက်သည်။ သူမဘာလုပ်နေလဲဆိုတာ ဘယ်သူကြည့်လို့ ဟန်ဆောင်နေတာလဲ!

နင် ၊ စူးတန်းဟုန် လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက အိမ်ထောင်ကျခဲ့ပြီး ယောက္ခမနဲ့ ယောက္ခထီးက နင့်ဆီက ထမင်းတစ်ပန်းကန် ဒါမှမဟုတ် ရေတစ်ခွက်တောင် မရခဲ့ဖူးဘူး။ အခု နင်က ဒီလိုလုပ်ပြနေတယ်ပေါ့။ နင် ဒီလိုမျိုးဘယ်လောက်ကြာကြာ ဟန်ဆောင်နိုင်မှာလဲ။

သို့သော်၊ ဖုန်ဖန်းဖန်းသည်  စူးတန်းဟုန်မကောင်းကြောင်း သူမစိတ်ထဲတွင်သာ ပြောရဲသည်။ သူမသည် လောလောဆယ် စူးတန်းဟုန်နှင့်ထိပ်တိုက်တွေ့ရန် မလိုအပ်ဘဲ ငွေမည်သို့ရှာရမည်ကိုကြည့်ရန် မနက်ဖြန်တွင် သူမ(စတဟ)နှင့်အတူ လိုက်သွားမည်ဖြစ်သည်။

ချမ်းသာကြွယ်၀ရန်အတွက် 80ခုနှစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now