Chapter 1

1.7K 113 7
                                    

အခန်း(၁) - 登徒浪子(dēngtúlàngzi)(၁)


"ငါဘယ်လိုမကောင်းတာမျိုးလုပ်ခဲ့မိလို့လဲ လောင်စန်း(၂)အတွက် ငါဂရုတစိုက်ရွေးချယ်ပေးထားတဲ့ မိန်းကလေးက ဒီလိုအသေးအဖွဲကိစ္စတစ်ခုအတွက် ကြိုးဆွဲချဖို့ ကြိုးစားခဲ့တယ် သူမကိုသာ အချိန်မီမကယ်တင်နိုင်ခဲ့ရင် စူးမိသားစုရဲ့အမေက ငါတို့ရဲ့ ကျိမိသားစုဟောင်းဆီ အသဲအသန်ရောက်လာမှာမဟုတ်ဘူးလား လောင်စန်းက မကြာခင်ပြန်လာတော့မှာကို သူ ရှားရှားပါးပါးပြန်လာဖြစ်သွားတာက ဈာပနပွဲဖြစ်သွားမှာ" အမေကျိက တံခါးအပြင်ဘက်တွင် ခါးခါသီးသီးဖြင့် ထိုသို့ပြောနေ၏။

" လောင်စန်းရဲ့မိန်းမ၊ နင်ဘာလို့မထသေးတာလဲ၊ အမေ ဘယ်လောက်ဒေါသထွက်နေလဲဆိုတာကို နင်မမြင်ဘူးလား၊ ဟုန်ဝါးဇီ(၃)စားဖို့ ကြက်ဥကြော်လေးပေးလိုက်ရုံနဲ့ နင်ဒီလို ရှုပ်ရှုပ်ထွေးထွေးတွေ လုပ်လိုက်တယ်ပေါ့ လစဉ်လတိုင်း လောင်စန်းက နင့်ဆီ ပိုက်ဆံပို့ပေးတာပဲလေ!" ဖုန်ဖန်းဖန်းက တံခါး၀မှနေ၍ အော်လာသည်။

" လတိုင်းပို့တဲ့ငွေတွေကို နင်သိမ်းထားတယ်၊ အဲ့ဒီပိုက်ဆံတွေ ငါလုံးဝလည်းမထိရဘူး နင့်မှာ ပိုက်ဆံအများကြီးရှိပေမယ့် နင့်အဖေနဲ့ငါ့ကို သားသမီး၀တ်ကျေတာလည်း ငါတစ်ခါမှ မမြင်ဖူးဘူး ငါ့ရဲ့အကြီးဆုံးမြေးစားဖို့ ကြက်ဥကြော်ပေးလိုက်တာတောင် နင်က ငါ့ကို ပြသနာလာရှာနေသေးတယ် မိသားစုသုံးစုလုံးကို ခွဲထားပြီးပြီလေ(၄) ငါ့ရဲ့အကြီးဆုံးမြေးကို ငါ့ပိုင်တဲ့ကြက်ဥကြော်ပေးတာ ဘာမှားနေလို့လဲ၊ နင့်မှာ အရည်အချင်းရှိရင် နင်လည်း ငါ့အတွက် မြေးတစ်ယောက်မွေးပေးလိုက်လေ ဒါပေမယ့် ငါပြောဦးမယ် နင်အိမ်ထောင်ကျတာ သုံးနှစ်နီးပါးရှိပြီ နင်ဗိုက်ဖောင်းတာ ငါတစ်ခါမှ မတွေ့ရသေးဘူး ငါကတောင် စာရင်းရှင်းဖို့ မတောင်းဆိုထားရသေးပေမယ့် နင်က ငါနဲ့ပါ လာငြင်းခုံရဲတယ်ပေါ့ နင်ဘာလုပ်နိုင်လဲဆိုတာ ငါကြည့်ပါဦးမယ်!" အမေကျိက ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်ပြန်၏။

"အမေ ဒေါသထွက်မနေပါနဲ့တော့ လောင်စန်း အိမ်ပြန်ရောက်ရင် ဒီအကြောင်း ပြောပြလိုက်လို့ရတယ် ပြန်ကြရအောင်ပါ လောင်စန်းရဲ့ဇနီးကို သေချာပေးစဉ်းစားလိုက်ကြရအောင်" အိမ်တွင် လုပ်စရာအများကြီးရှိသည်ဆိုတာ သတိရသွားသည့်အတွက် ဖုန်ဖန်းဖန်းက အမြန်၀င်ပြောလိုက်သည်။

ချမ်းသာကြွယ်၀ရန်အတွက် 80ခုနှစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now