Chapter-81

72 6 0
                                    

Chapter 81

-------

ယခင်ဘဝက သူ ချန်ကျစ်ဟန်၏အမည်ကိုရိုက်ရှာခဲ့သော်လည်း ချန်ကျစ်ဟန်က လက်ထောက်ခေါင်းဆောင်ဖြစ်နေပြီး ၎င်းနှင့်ပတ်သက်သည့်အကြောင်းအရာအများအပြားကို ဖျက်ထားခဲ့ကြသည်။ 

ယခု အခိုက်အတန့်တွင် ထိုသူကလူသစ်သာရှိသေးပြီး အသက်အရွယ်ကိုကြည့်လျှင် အထက်တန်းကျောင်းသားသာရှိသေးသည်။ 

ဘာ? သူလက်နှင့်ခြေပင်မလှုပ်ရသေးခင် ဖုယွမ်ကျိုးက သဲလွန်စအားလုံးကိုလက်ဝယ်ရလိုက်နိုင်ပြီ။

ချန်ကျစ်ဟန်၏ကျောင်းသားဖိုရမ်ကမူ သူကလှေနံနှစ်ဖက်နင်းနေသည်ဟုပြောကြပြီး ယူထားသည့်အကြွေးများလည်းပြန်မဆပ်ကြောင်း သတင်းလွှင့်ထားကြသည်။ ကိစ္စကြီးကြီး၊ သေးသေးအစုံပင်။ အလေးအနက်ထားစရာမဟုတ်သည့်တိုင် ၎င်း၏စရိုက်ကသိသာနေပေပြီ။

ဖုယွမ်ကျိုးသည် ပို့စ်များမှတဆင့် ၎င်း၏အကောင့်ကိုမွှေနှောက်ကြည့်နေပြီး ချန်ကျစ်ဟန်၏ကြီးကျယ်ထားသမျှကိုမြင်တွေ့လိုက်ရသည်၊၊ အကောင့်ထဲတွင် ဘလော့ဂ်ပို့အများအပြားရှိပြီး သူ၏ခံစားချက်များကိုထုတ်ဖော်ထားလေသည်။

"ထပ်ပြီးသူပဲလား...ဖာ့ခ်...ဘာလို့သူပဲဖြစ်နေပြန်တာလဲ...သူကငါ့ထက်ဘယ်နားတွေသာနေလို့လဲ..."

"ငါဒီနေ့ဂိမ်းဆော့တာရှုံးခဲ့တယ်...သူ့နည်းလမ်းတွေကတလွဲတွေချည်းပဲ...ပြီးတော့ ငါကပဲသူ့ကိုပြန်အားပေးခဲ့ရသေးတယ်လေ...နောက်ဆုံးတခေါက်ဂိမ်းဆော့တုန်းက အဲဒီကောင်တွေငါ့ကိုပြောဆိုခဲ့ကြတာလေ...မေ့သွားကြပြီလားမသိဘူး...ဒီအရူးအနှမ်းတသိုက်ကတော့!"

ယခုလို ဘလော့ဂ်များသာတွေ့နေရပြီး ဖုယွမ်ကျိုးမျက်မှောင်ကြုတ်လိုက်သည်။ ချန်ကျစ်ဟန်ဆဲဆိုထားသူက ယွမ်ယဲ့တစ်ယောက်တည်းသာ။ လွန်ခဲ့သည့်နှစ်နှစ်က ဘလော့ဂ်ဒိတ်ကို ပြန်လည်မွှေနှောက်ကြည့်လိုက်သည်။ ထိုအချိန်တည်းက ချန်ကျစ်ဟန်မှာ ယွမ်ယဲ့ကိုမကျေနပ်ခဲ့ပေ။ ၎င်း၏မကျေနပ်ချက်တို့က အချိန်နှင့်အမျှစုပုံလာခဲ့လေသည်။

အ်ိုမီဂါအဖြစ်မွေးဖွားလာပြီးနောက်အားလုံးကငါ့ကိုလိုချင်နေကြတယ်Where stories live. Discover now