Chapter 82
---------
ဖုယွမ်ကျိုးမှာ ယွမ်ယဲ့ကသူ့စကားကို ဘယ်လောက်အထိနားထောင်ပြီး ဘယ်လိုဆုံးဖြတ်မည်မှန်းမသိတော့ပေ။
သူထပ်ပြောရန်ကြိုးစားသေးသော်ငြား ခြေသံကြားလိုက်ရသောကြောင့် ချက်ချင်းခေါင်းထောင်ပြီး ဘေးဘီကိုကြည့်လိုက်မိလေသည်။
"ဘယ်သူလဲ..."
သူသည်ကား ချန်ကျစ်ဟန်ခိုးနားထောင်နေမည်ကို မစိုးရိမ်ပေ။ ယွမ်ယဲ့ကလူရိုက်ခဲ့ပြီး ကျောင်းထုတ်ခံရလုနီးဖြစ်ခဲ့သည့်ကိစ္စကို တစ်ယောက်ယောက်ကြားသွားမည့်အရေးကိုသာစိတ်ပူပန်နေခဲ့သည်။ သို့သော်လည်း ထိုယောကျ်ားလမ်းလျှောက်ပုံကမြန်လွန်း၍ ဖုယွမ်ကျိုးမှာ သံသယဖြစ်စရာမတွေ့လိုက်ရသည့်တိုင် စိတ်ပူနေမိဆဲပင်။
"ဘာမှမရှိပါဘူး...စိတ်အေးအေးထားပါ..."
ယွမ်ယဲ့က ဘယ်အရာမှဂရုမစိုက်သလို သူ့ထက်ပိုပြီးတည်ငြိမ်နေလင့်ကစား ဖုယွမ်ကျိုးစိတ်ပူနေပုံကိုကြည့်ပြီး ပြုံးလိုက်သည်။
"မင်းသိပါတယ်...အင်း ...အဖေက အရမ်းသဘောကောင်းနေတာ..ဆိုတော့ ငါအပြင်မှာထွက်နေဖို့ကိုစိတ်မပူတော့ဘူး..."
ဖုယွမ်ကျိုးက သူ့ကိုဆတ်ကနဲကြည့်ပြီး WeChat ကိုဖွင့်ကြည့်လိုက်သည်၊၊ ပါပါးယွမ်နာမည်ကို အင်တာနက်တွင်ရိုက်ရှာလိုက်၏။ ငိုးတဲ့မှ..သူတကယ်ကြီးစိတ်ပူဖို့မလိုဘူးပဲ။
ယွမ်ယဲ့ လက်တွင်ဒဏ်ရာရချိန်က ကုသခဲ့ရသည့်အခါ ပါပါးယွမ်က ဆရာဝန်ကောင်းတစ်ယောက်နှင့်ဆက်သွယ်ပေးထားခဲ့သည်။ ယွမ်ယဲ့ကလည်းလုံးဝမသိခဲ့ပေ။
ထိုအကြောင်းတွေးမိသည့်အခါ ဖုယွမ်ကျိုးမှာ မဆိုသလောက်လေးစိတ်ဓာတ်ကျသွားမိသည်။ ယွမ်ယဲ့သာ အစတည်းက မိသားစုနှင့်အဆက်အသွယ်မဖြတ်ခဲ့လျှင် နောင်အနာဂတ်၌ ယခုလောက်ကြိုးစားနေရန်မလိုတော့ပေ။ ဒဏ်ရာမရတော့သည်လည်း ဖြစ်သွားနိုင်၏။ ယွမ်ယဲ့က ဒဏ်ရာရသည့်အကြောင်းမပြောခဲ့လျှင်ပင် ပါပါးယွမ်က ထိုကိစ္စကို ကျိန်းသေစုံစမ်းလိမ့်မည်။ သို့သော် ကံဆိုးပြီး 'အကယ်၍' သာမရှိခဲ့ပါမူ ယွမ်ယဲ့တစ်ယောက်တည်းသာ အရာအားလုံးကိုရင်ဆိုင်ရပေမည်။
YOU ARE READING
အ်ိုမီဂါအဖြစ်မွေးဖွားလာပြီးနောက်အားလုံးကငါ့ကိုလိုချင်နေကြတယ်
RomanceTitle - After regenerating into an omega, everyone is dying to marry me Omega အဖြစ် မွေးဖွားလာပြီးနောက် အားလုံးက ငါ့ကို လိုချင်နေကြတယ် Description 💥 ဖုယွမ်ကျိုးသည် မိသားစုကိုသစ္စာဖောက်ခဲ့ပြီး စက်ဆုပ်ရွံရှာဖွယ်ရာလူသားတစ်ယောက်ဖြစ်လာခဲ့သည်။ သူသိလို...