၃၀

165 24 2
                                    

"လေးပျိုရေ...လေးပျို..."

အသံနဲ့လူ တစ်ပြိုင်တည်းနီးပါး လပြည့်က အိမ်ထဲသို့ လောလောနဲ့ ရောက်ချလာ၏။

မနက်စာစားနေသော ဘုန်းရောင်နဲ့သက်ဝေမှာ မျက်လုံးပြူးလေးများနဲ့ သူ့ကိုကြည့်လာသည်။ ဘုန်းရောင်က သူ့အား မေးဆတ်ပြကာ မေးလာ၏။

"ဒီလောက်အစောကြီး ဘာဖြစ်လာတာလဲ..."

"ငါတို့ ပြသနာတက်ပြီ..."

လပြည့်က စိုးရိမ်တကြီးပြောလာပေမယ့် ငါးခြောက်ဖုတ်နဲ့ ကောက်ညှင်းပေါင်းအား အေးဆေးစားနေသည့် ဘုန်းရောင်နဲ့သက်ဝေမှာ တုတ်တုတ်ပင်မလှုပ်ကြ...။

"ငါတို့မှာ ပြသနာအများကြီးလေ...။ ဘယ်တစ်ခုတက်တာလဲ..."

ဘုန်းရောင် အေးဆေးမေးလာတော့ လပြည့်မှာ တောင့်တင်းသွား၏။ သူ၏စိုးရိမ်ပူပန်မှုတွေသည်လည်း ဟုတ်ခနဲ ငြိမ်းကျသွားသည်။

ဟုတ်သားပဲ...သူတို့ဆီမှာ ဘယ်ဟာက ပြသနာဖြစ်မနေတာ ရှိလို့လဲ...။

မြို့ထဲမှာ လက်တစ်ဆုပ်စာမျှ ခရီးသွားဧည့်သည် နည်းနည်းသာရှိသည်။ သူတို့ဆီက ရသောဝင်ငွေသည် ဆင့်ပါးစပ်ထဲ နှမ်းပက်နေသလောက် ပြသနာရယ်။

ခရီးသွားနည်းပါးတာမို့ တည်းခိုခန်းက အရင်းပြုတ်လုနီးပါး ပြသနာရယ်။

ပန်းပုရုံနဲ့ရက်ကန်းရုံက ကုန်ပစ္စည်းရောင်းမထွက်သည့် ပြသနာရယ်။

သစ်သီးဒိုင်က အသီးများ အချိန်မှီရောင်းမထွက်နိုင်သည့် ပြသနာရယ်။

အပြီးမသတ်သေးသော ရပ်ကွက်လမ်းစီမံကိန်းတွေရယ်။ လျှပ်စစ်မီး ပြသနာရယ်။ လူတိုင်းဝင်ငွေနည်းပါးနေတာရယ်။

တစ်ခဏအတွင်း စဉ်းစားတာတောင် ပြသနာပေါင်းစုံက လပြည့် ခေါင်းထဲ အစဉ်လိုက် တစ်တန်းကြီးပေါ်လာနေသည်။

ဒီလောက်ပြသနာအများကြီး တစ်ခုထပ်တိုးလည်း ကိစ္စမရှိပါဘူးလေ...။

ထိုသို့ဖြေတွေးပြီးနောက် လပြည့်လည်း အေးဆေးဖြစ်သွားကာ ဘုန်းရောင်တို့ မနက်စာဝိုင်းထဲ ဝင်ဆွဲတော့၏။ ပြသနာဖြေရှင်းဖို့ အရင်ဗိုက်ဖြည့်ရမယ်။

မေတ္တာနုနုစေလိုသူWhere stories live. Discover now