၃၁

165 24 6
                                    

ရာသီဥတုသာယာကောင်းမွန်သော နေ့တစ်နေ့ပင်။

အခုလေးတင် ရေချိုး၊ခေါင်းလျှော်ပြီးသွားတဲ့ သက်ဝေသည် သူမဆံပင်ရှည်များအား သဘက်နုနုလေးနဲ့ ရေစင်အောင် သုတ်နေလေသည်။

ဒေါက် ဒေါက် ဒေါက်... ။

တံခါးခေါက်သံကြောင့် သက်ဝေ ခေါင်းလေး အသာအယာ လှည့်လိုက်၏။

တွန်းဖွင့်ခံထားရပြီးသား အခန်းတံခါးဘောင်ကို ခေါက်နေဆဲ လက်ချောင်းဖြူဖြူတွေ။

သက်ဝေ စိုက်ကြည့်နေစဉ် မခိုးမခန့် ပြုံးနေသော မျက်နှာလှလှလေးက ပေါ်လာသည်။

"ချစ်သက်ဝေ...။ ဒီကို လာပါဦး..."

ပြုံးစစပြောကာ မျက်လုံးတစ်ဖက်က ဖျတ်ခနဲမှိတ်ပြလာသည်။

ဒီအမျိုးသမီးကတော့..။

သက်ဝေ မတတ်နိုင်ပါဘဲ ပြုံးမိရင်း တံခါးဝဆီ ထွက်လာလိုက်သည်။

တံခါးဝရောက်တော့ ဝရံတာမှာ လက်နှစ်ဖက်ကို နောက်မှာဖွက်ထားရင်း မတ်တပ်ရပ်နေသူအား ငေးမောမိသွားတော့သည်။

ဆံပင်ရှည်တွေကို မြင့်မြင့်ချည်နှောင်ကာ ရှင်းလင်းကြည်စင်နေသော မျက်နှာလေးက မပြင်မဆင်ဘဲနဲ့တောင် ချောမောလွန်းလှသည်။

ကော်လံထိပ်ဖျားမှာ ကျောက်စီငွေကြိုးတန်းလန်းနဲ့ ရှပ်အဖြူပွပွ၊ ဂျင်းဘောင်းဘီရှည်ပွပွကို ရှင်းသန့်သပ်ရပ်စွာ ဝတ်ဆင်ထားသည်။

ဖြောင့်တန်းနေသည့် ပခုံးတွေနဲ့ ရင်ခွင်က ကျယ်ကျယ်ပြန့်ပြန့်။ ရှပ်အင်္ကျီ အောက်ဖျားစအား ဘောင်းဘီထဲ ထည့်ဝတ်ထားပြီး ခါးပတ်အဖြူရောင် ပတ်ထားတဲ့ ခါးသွယ်သွယ်....။

ဒီချောမောလွန်းတဲ့ အမျိုးကောင်းသမီးသည် သက်ဝေတစ်ဦးတည်းရဲ့ အပိုင်ဖြစ်ကြောင်း တွေးမိပြီး ကျေနပ်သွားရ၏။

မတ်မတ်ရပ်‌နေသော ဘုန်းရောင်က လက်နောက်မှာ ဖွက်ထားသော ပန်းနုရောင် ရေမွှေးနှင်းဆီတွေအား သက်ဝေဆီ ကမ်းပေးလာသည်။

ပန်းစည်းပုံစံ စနစ်တကျ မထုပ်ပိုးထားပေမယ့် ဆူးတွေခြွေကာ နှီးကြိုးလေးနဲ့ သေချာစည်းနှောင်ထားလေသည်။

မေတ္တာနုနုစေလိုသူWhere stories live. Discover now