Part-1

7.8K 553 6
                                    

The First Start

"ဟိတ်...မထသေးဘူးလား?ကျောင်းသွားရမယ်လေ"

အသံနဲ့အတူ ကျတော်အိပ်နေတဲ့ခုတင်က အနည်းငယ်အိကျသွားတာကြောင့် သူ ခုတင်ပေါ်ထိုင်လိုက်မှန်းကျတော်သိလိုက်သည်

"5မိနစ်..."

"နေ့ တိုင်း 5မိနစ် 5မိနစ်နဲ့ တစ်နာရီလောက်ဖြစ်သွားတာ သိရဲ့လား?ထတော့..."

သူက ကျတော့်ကို လက်မောင်းရင်းကကိုင်ပြီး ဆွဲထူလိုက်တယ်...

"ခင်ဗျားကလည်းဗျာ...အိပ်တာတောင် အေးအေးဆေးဆေးမအိပ်ရဘူး....မနေ့ 

ညက ပင်ပန်းထားပါတယ်ဆိုမှ"

"မင်းက ဘယ်မှာ ပင်ပန်းလို့ လဲ?တကယ်ပင်ပန်းတာက ငါပါနော်...မင်းလုပ်သမျှ အကုန်ခံနေရတာလေ"

"ကျတော်က လုပ်ခိုင်းလို့ လား?ခင်ဗျားဘာသာ မနေနိုင်မထိုင်နိုင်လုပ်ပြီးတော့..."

"မင်းသာ ညကြီးအချိန်မတော် shopping မထွက်ဘူးဆိုရင် ငါလည်းလိုက်ပေးရမှာ မဟုတ်ဘူးလေ...မင်းဝယ်သမျှကိုလည်း ပိုက်ဆံရှင်းပေးရသေးတယ်...အထုပ်တွေလည်းဆွဲပေးရတာ လက်အံကို သေနေတာပဲ ..."

"ခင်ဗျားကို ကျတော့်နောက်လိုက်ခဲ့ပါလို့ ကျတော်ပြောမိလို့ လား?"

"အခုချိန်မှာ ငါက မင်းအုပ်ထိန်းသူပဲလေ...မင်းတစ်ခုခုဖြစ်ရင်"

"ဟုတ်ပါပြီ...အုပ်ထိန်းသူကြီးရယ်..ထစ်ခနဲရှိ အုပ်ထိန်းသူဆိုတာပဲ ပြောနေတယ်"

ကျတော် သူ့ ကို ရွဲ့ပြောပြီးတော့ မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ ဝင်သွားလိုက်တယ်...

"ခဏနေဦး...ပြောစရာရှိသေးတယ်..."

"ဘာလဲဗျာ မြန်မြန်ပြော"

"မင်းဆရာမက မင်းကို ဒီနေ့ ကျောင်းနောက်မကျစေနဲ့တဲ့ ...နောက်ကျရင်တစ်ကျောင်းလုံးက အမှိုက်တွေသိမ်းရမယ်တဲ့ "

"Kris Wu!!!!!!!ခင်ဗျားကြီး ဒါကို အခုမှ ပြောရလား??"

*ဝုန်း! ဂွမ်း! ဗွမ်း! ဗွမ်း!*

ကျတော်လည်း ရေချိုးခန်းထဲမှာ အလျင်စလိုနဲ့ ရေချိုးမျက်နှာသစ်လိုက်

A Pair of WingsWhere stories live. Discover now