Part-8

2.9K 294 7
                                    

"Suho-ah...ထတော့လေ...
ကျောင်းသွားရမယ်မလား"

"hmm...မထချင်သေးဘူး"

ကျနော့်ဘေးလာလှဲပြီး အိပ်ရာထ
ဖို့ ပြောနေတဲ့ သူ့ ကို အတင်းဖက်ထားလိုက်ပေမဲ့ သူက ကျနော့်ထက် လူကောင်ပိုထွားတော့...အင်း ...ဖြစ်နေတဲ့ပုံစံကို ကိုယ့်ဘာသာပဲ မြင်ယောင်ကြည့်ကြပါတော့...ဆင်ကို ပုရွတ်ဆိတ်က အတင်းတွယ်ကပ်ဖက်နေသလို...

"ဒီကောင်လေးတော့နော်...စောစောစီးစီး"

သူ့ အားနဲ့ဆို ကျနော့်လက်တွေထဲက ရုန်းထွက်ရင် အသာလေးရရဲ့သားနဲ့ ပါးစပ်ကပဲ အော်နေတာ...အဖက်မခံချင်တာ ကြလို့ !

"Hyung...morning kissပေး"

"ပေးဝူး"

အများအမြင်မှာသာ cool guy ...ကျနော့်ရှေ့မှာတော့
စကားတောင် ပီအောင် မပြောဘဲ ချွဲ့နွဲ့နေတတ်တဲ့သူ ...အဲ့ရုပ်ကြီးက ချစ်ချင်စရာကြီးလေ!!ပြောရင်းနဲ့တောင် အသည်းယားလာပြီ!

"ပေးဆို "

မျက်လုံးကို မဖွင့်သေးဘဲ နှုတ်ခမ်းကြီးဆူပြီး သူ့ ရှေ့အတင်း
တိုးထားလိုက်သည်...သိသားပဲ!သူလည်း ပေးချင်ရဲ့သားနဲ့
မူနေတယ်ဆိုတာ....!

"ကလေးဆိုးကြီး"

ပါးစပ်ကသာ အဲ့လို ထွက်လာတာ သူ့ လက်တွေက ကျနော့်မျက်နှာပေါ်နေရာယူပြီးနေပြီ...သေချာပါတယ်...သူ လည်း မျက်လုံးတွေပိတ်ထားပြီးကျနော့်မျက်နှာနား တဖြည်းဖြည်းတိုးလာနေလောက်ပြီ...!

#Phone ringtone

မျက်လုံးမပွင့်တပွင့်နဲ့ ဖုန်းကိုယူပြီး ကြည့်လိုက်တော့ Hyungဆီက ...

"Hello....Suho...
ကိုယ်သင်တန်းကလူတွေနဲ့
ခရီးထွက်ရမှာမို့ လို့ "

"ခရီး?ဘယ်ကိုလဲ"

"ဂျယ်ဂျူဒိုကို...မနက်ဖြန်မနက်
်ပြန်ရောက်မယ်...ဖုန်းမဆက်နဲ့နော်...ဟိုမှာလိုင်းသိပ်မမိလို့ "

"Hyu..."

"ကိုယ်သွားတော့မယ်နော်...ကားပေါ်
တက်ဖို့ ခေါ်နေပြီ"

ကျနော့်ဘက်က စကားကို ဆုံးအောင်နားမထောင်ဘဲ Hyungက ဖုန်းချသွားသည်...
ရင်ဘတ်ထဲက ရုတ်တရက်
မွန်းကျပ်လာပါလား?
ခုနက Hyungနဲ့ကျနော်ရဲ့အဖြစ်အပျက်က အိပ်မက်သက်သပ်ပဲလား ...
ဘာလို့ များ ကျနော့်ကို နိုးထခွင့်ပြုလိုက်တာလဲ?
အိပ်မက်ဆိုရင်တောင် တစ်သက်လုံးအိပ်စက်ပြီးသူနဲ့ အမှတ်တရပေါင်းများစွာကို ဖန်တီးလိုက်ချင်ပါရဲ့..အခုရက်ပိုင်း...အင်း...အတိအကျပြောရရင်တော့
ကျနော်နဲ့Hyungရဲ့ချစ်သူသက်တမ်းတစ်နှစ်
ပြည့်တဲ့နေ့ တည်းက Hyungကျနော့်အပေါ်အေးစက်လာခဲ့တယ်...
ဘာတွေကများ Hyungကို ပြောင်းလဲစေခဲ့တာလဲ?ကျနော် ဘာများအမှားလုပ်မိလို့ လဲ?အခုတလော Hyungနဲ့အတူ မဖန်တီးနိုင်တဲ့ကြည်နူးစရာတွေကို အိပ်မက်ထဲမှာတော့ လွတ်လွတ်လပ်လပ်ဖန်တီးခွင့်ရချင်မိတယ်...
Hyungရယ်...

A Pair of WingsWhere stories live. Discover now