Part-4

3.2K 369 3
                                    

"oppa ! ငြိမ်ငြိမ်ထိုင်နေပါဆို ! Na Na အကုန်လုပ်ပေးပါ့မယ်ဆို"

ခုတင်ပေါ်က ထပြီး ပစ္စည်းကူသိမ်းဖို့ လုပ်နေတဲ့ KrisWu ကို Na Na ဆိုတဲ့ noona က အတင်းပြန်ထိုင်ခိုင်းတယ်! Kris Wu ဆိုတဲ့လူကြီးကလေ ဟိုက သူ့ ဘာသာ လုပ်ချင်လွန်းလို့ ငမ်းငမ်းတက်ဖြစ်နေတာကို လွှတ်ထားပေးလိုက်တာ မဟုတ်ဘူး!

"အဟွတ်!!အဟွတ်!!"

သူတို့ နှစ်ယောက်ကို အမြင်ကတ်ကတ်နဲ့ကြည့်ရင်း အအေးသောက်လိုက်တာ သီးသွားသေးတယ်! တကယ်ပဲ!

"Suho ရော့! ရေသောက်လိုက်"

တော်သေးတာပေါ့! Kris Wu ဆိုတဲ့လူကြီးက ရေဘူးလေးလှမ်းပေးဖော်ရသေးလို့ !

"oppa! သွားလို့ ရပြီ..."

ကျတော် oppaဆိုတဲ့ခေါ်သံတွေကို အခါများစွာကြားဖူးတယ်...ဒါမဲ့လေ အဲ့ noona ခေါ်တဲ့ oppa ဆိုတဲ့ အသံလောက် အမြင်ကတ်ဖို့ ကောင်းတာကို မကြားဖူးသေးဘူး...တယ်တော်တဲ့noona ပဲ!

"Suho မင်းအိမ်ကို ပြန်နှင့်လိုက်..."

"ဘာလို့ လဲ?"

"ငါ NaNa နဲ့ခဏလိုက်သွားလိုက်ဦးမယ်"

"မရပါဘူး...ခင်ဗျား ကျတော်နဲ့လိုက်ခဲ့ရမယ်"

ကျတော် Kris Wu လက်ကို ဆွဲလိုက်တယ်....

"Suho မင်းဘာဖြစ်တာလဲ?"

"ကျတော်နဲ့လိုက်ခဲ့ရမယ်လို့ "

ကျတော် NaNa noona ကို ကြည့်လိုက်တော့သူမက ကျတော်တို့ နှစ်ယောက်ကို နားမလည်စွာကြည့်နေတယ်...
Kim Suho ဆိုတဲ့ကျတော်ကလည်း ကျတော့်ထက် တစ်ခြားသူကို ပိုအရေးပေးတာကို လုံးဝမခံနိုင်ဘူးလေ...အခုလည်း
အဲ့လူကြီးကကျတော့်ကိုတစ်ယောက်တည်းထားပြီး ဟိုnoonaနောက်လိုက်သွားမယ်တဲ့...Kim Suhoတို့ က ငြိမ်ခံနေမှာတဲ့လား?

"Taxi"

Taxi တစ်စီးကကျတော်တို့ ရှေ့ကို ထိုးရပ်လာတယ်...

"ခင်ဗျား...ကျတော်နဲ့လိုက်ခဲ့ရမယ်ဒါပဲ..."

NaNa noona လက်ထဲက အဝတ်အိတ်ကိုလက်တစ်ဖက်က လှမ်းယူလိုက်တယ်...တစ်ဖက်ကတော့ Kris Wuကို ကားထဲ အတင်းဆွဲထည့်လိုက်တယ်...
အဲ့လူကြီးအရပ်က ကလန်ကလား ဆိုတော့ ကားထဲမရောက်ခင်
ကားဘောင်နဲ့ခေါင်းနဲ့တိုက်မိသွားသေးတယ်...

A Pair of WingsWhere stories live. Discover now