တစ်ပတ်ကြာသည်အထိ Hyungနဲ့ကျနော်အခြေအနေက
အဆင်ပြေနေခဲ့သည်...တစ်ခါတစ်ရံ ကျနော့်ကွယ်ရာမှာ ဖုန်းပြောတာကလွဲလို့ ...
သင်တန်းကိစ္စဆိုပြီး ညသန်းခေါင်ကြီး အပြင်ထွက်သွားတာက
လွဲလို့ ...BaekHyunနဲ့Chenကလည်း ဘယ်နေရာမှာ Hyungကို ဟိုတစ်ခါကုန်တိုက်မှာတွေ့ခဲ့တဲ့မိန်းကလေးနဲ့ပဲ အတူတွေ့ခဲ့တယ်လို့ ပြောတဲ့အကြိမ်ရေ စိပ်လာပေမဲ့...ကျနော်Hyungကို ယုံကြည်ချင်တယ်...ကျနော့်မျက်စိနဲ့ကိုယ်တိုင်
ကိုယ်ကျ တပ်အပ်မြင်မှ
ယုံမယ်လို့ BaekHyunနဲ့Chenကို ပြန်ပြောလေ့ရှိပေမဲ့ တကယ်တမ်းမြင်လိုက်ရရင်
ကျနော် Hyungကိုတောင် စကားသွားပြောရဲပါဦးမလား?Hyungက
တခြားမိန်းကလေး
ရှေ့ကနေ ကာကွယ်ပေးပြီး ကျနော့်ကို ပြန်ပြောမှာကိုရော ကျနော်ခံနိုင်ရည်ရှိပါ့မလား?"မင်းHyungကို သေချာစောင့်ကြည့်ဦး"
ကျောင်းမှာ လမ်းခွဲခါနီးပြောသွားသော Chenစကားက နားထဲပဲ့တင်ထပ်နေသည်...မနက်ကတင် စက်ဘီးအတူစီးသွားသော Hyungနဲ့ထိုမိန်းကလေးကို Chenက တွေ့လိုက်ရသည်တဲ့...
ကျောင်းမှအိမ်သို့ အပြန် လမ်းတစ်လျှောက်လည်း ကျနော့်ခြေလှမ်းတွေက လေးလံနေခဲ့သည်...မဟုတ်လောက်ပါဘူး...ကျနော့်Hyungက ကျနော့်ကို စွန့် ပစ်သွားမယ့်သူမှ မဟုတ်တာ...
မယုံကြည်နိုင်ပေမဲ့လည်း Hyungကို ကျနော်ယုံကြည်ချင်သည်...ယုံကြည်မိသည်...သို့ ပေမဲ့ တစ်ခုသောမြင်ကွင်းက ကျနော့်
ယုံကြည်မှုတွေကို ဖျက်ဆီးပစ်ခဲ့သည်...
ကော်ဖီဆိုင်တစ်ဆိုင်အတွင်းက ယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေး
တစ်ယောက်...အများအမြင်မှာတော့ ကြည်နူးစရာရိုမန့် တစ်ဆန်တယ်ပေါ့လေ...
မိန်းကလေးရဲ့နှုတ်ခမ်းမှာပေနေတဲ့
ကိတ်မုန့် ခရင်မ်တွေကို လက်နဲ့နူးနူးညံ့ညံ့သုတ်ပေးနေတဲ့ ယောက်ျားလေးဟာ ကျနော့်Hyungမဟုတ်ရင်တော့ ကျနော် ထိုမြင်ကွင်းကို အစအဆုံးကြည်နူးစွာနဲ့ကြည့်ကောင်းကြည့်နေ
နိုင်မယ်ထင်ပါရဲ့...Hyungဘေးမှာရှိတဲ့ မိန်းကလေးက BaekHyunဖုန်းထဲမှာတွေ့ရတဲ့မိန်းကလေး...Hyungနဲ့ကုန်တိုက်ကို အတူသွားတဲ့မိန်းကလေးဆိုလည်း
မမှားဘူးပဲ...
Hyungနဲ့ထိုမိန်းကလေးကတော့ ကျနော့်ကို မမြင်...မိန်းကလေးလို့ သာပြောတာ တကယ်တမ်းက ကျနော့်ထက် အသက်ကြီးပြီး Hyungထက် ငယ်မယ့်ပုံပဲ...ဘာပဲဖြစ်ဖြစ် မိန်းကလေးက မိန်းကလေးပါပဲလေ...