"ဟိတ်ကောင်လေး! ထဦး...ဘယ့်နှယ် သူများဆိုင်ရှေ့ မှာလာအိပ်နေတယ်...စောစောစီးစီး လာဘ်တိတ်အောင်..."
အဒေါ်ကြီးရဲ့ ဆူပူသံတွေကြောင့် ကျတော်နိုးလာတယ်...မနေ့ ညက အိပ်စရာနေရာ မရှိတာနဲ့ ဆိုင်ပိတ်ထားတဲ့ ရှေ့မှာ သတင်းစာစက္ကူ ခြုံပြီး အိပ်လိုက်ရတာ...တော်သေးတာပေါ့...ခဲပြီး မသေတာ ကံကောင်း...လူလည်းသူတောင်းစားလုံးလုံးကို ဖြစ်သွားတော့တာပဲ...မုန့် ကိုလည်း
အကြွေးနဲ့စားရတယ်...သတင်းစာစက္ကူ ကိုတောင် ခြုံ ပြီး လမ်းဘေးမှာလည်း အိပ်ရတယ်...
" Kris Wu!! အကျင့်ပုတ်တယ်! တစ်ကိုယ်ကောင်းဆန်တယ် !
မုန်းဖို့ ကောင်းတယ်!"
တစ်ညလုံး ငါ့ကို တောင် လိုက်မရှာဘဲ အိပ်ရဲသေးတယ်ပေါ့လေ...တွေ့မယ်...Kim Suhoက ဘယ်လိုလူလဲ ဆိုတာ ကောင်းကောင်းသိစေရမယ်...သူ လာမခေါ်ဘဲ ဘာဖြစ်လဲ? ကိုယ့်ခြေထောက်နဲ့ကိုယ်အိမ်ပြန်မှာပေါ့လို့ ^_^
*ကျွီ*
အိမ်တံခါးကို ဖွင့်ပြီး အထဲဝင် လိုက်တော့ ထူးထူးဆန်းဆန်း အထဲမှာ တိတ်ဆိတ်နေတယ်...ကျတော့်အခန်းထဲ ဝင်လိုက်တော့ ဘယ်သူမှရှိမနေ...
သူ့ အခန်းထဲ ကြည့်ကြည့်တော့လည်း မတွေ့...အဲ့လူကြီး ဘယ်ရောက်သွားတာလဲ?အလုပ်သွားပြီလား?ခြောက်နာရီပဲ ရှိသေးတာကို မသွားလောက်သေးပါဘူး...
"Kris Wu!ခင်ဗျားဘယ်မှာလဲ?"
တစ်အိမ်လုံးသာ ရှာလို့ နှံ့သွားတယ် သူ့ အရိပ်လေးတောင် မတွေ့ရ...
ဘယ်တွေများ သွားနေတာလဲ?
*ph ringtone*
phone screen မှာ ပေါ်လာတဲ့ contact nameကြောင့် ကျတော့် မျက်နှာအလိုလို ကျုံ့မိလျက်သားဖြစ်သွားတယ်... အဲဒီလူကြီး အခုမှ ဘာစိတ်ကူးပေါက်လို့ ဖုန်းလာဆက်တာလဲ?တစ်ညလုံး လိုက်မရှာဘဲ ငါ့ကို သေပါစေဆိုပြီး ပစ်ထားခဲ့ပြီးတော့...
"Kris Wu! ခင်ဗျားအခုမှ ဘာလို့ ဖုန်းဆက်တာလဲ?ကျတော့်ကို တကယ်ပဲ သေစေချင်တာလား?"
"ဟိုလေ...ဒီဘက်က ဖုန်းပိုင်ရှင်က ဆေးရုံရောက်နေလို့ ပါ...ရင်းနှီးတဲ့လူဆိုရင် ဆေးရုံကို လာခဲ့ပေးစေချင်ပါတယ်ရှင်"