The Start of the End
နာရီကို ကြည့်လိုက်တော့
လက်တံက12 တိတိ...
ည12နာရီထိုးတဲ့အထိ သူပြန်မလာသေးဘူး...
သူပြန်အလာကို ကျနော် စောင့်နေတယ်...
ဒီနေ့ ကျနော်နဲ့သူရဲ့ချစ်သူသက်တမ်းတစ်နှစ်ပြည့်
မို့ သူ စောစောပြန်လာမယ်လို့ 
ထင်ထားတာ...
ထင်တယ်ဆိုတည်းက ဟုတ်လား မဟုတ်လား
မသေချာတဲ့အရာတစ်ခုပါ...
ဖုန်းဆက်တော့လည်း မကိုင်ဘူး...
ပို့ ထားတဲ့ message တွေကိုလည်း တစ်ခုမှမပြန်ဘူး...
သူ ဘာများဖြစ်နေတာလဲ?စားပွဲပေါ်က ကိတ်မုန့် အဝိုင်းသေးသေးလေးနဲ့ ညစာစားဖို့ 
ပြင်ထားတာတွေ...လွန်ခဲ့တဲ့ ခြောက်နာရီတည်းက ပုံစံအတိုင်း
ခြေရာလက်ရာမပျက်ရှိနေဆဲပဲ...ဧည့်ခန်းထဲကsofa ပေါ် ဒူးနှစ်ချောင်းပိုက်ထိုင်ရင်း သူဝင်လာမယ့်အိမ်တံခါးပေါက်လေးကိုသာ မျှော်ကြည့်နေမိတယ်...
သူသိပ်ရက်စက်တယ်...
အတွေးနဲ့အတူမျက်ရည်တစ်စက်က ပေါက်ခနဲ...
ယောက်ျားလေးဖြစ်ပြီးမျက်ရည်လွယ်တဲ့ ကျနော့်ကို ကျနော် မုန်းမိတယ်...
အိမ်ထဲမှာတစ်ယောက်တည်း နေရင်း ဘယ်အချိန်ပြန်လာမယ်မှန်းမသိတဲ့ လူတစ်ယောက်ကို ရူးမိုက်စွာစောင့်နေမိတဲ့ ကျနော့်ကို ကျနော် မုန်းမိတယ်...
နောက်ဆုံး သူ့ ကိုမှ တမ်းတမ်းစွဲချစ်နေမိတဲ့ကျနော့်ကိုကျနော် မုန်းမိတယ်...
သူ့ ကို ကျနော် မမုန်းဘူး...သူ့ ကိုချစ်လာအောင် သူက ဆွဲဆောင်ခဲ့တာမှ မဟုတ်ဘဲ...ကိုယ့်ဘာသာ ချစ်မိသွားတာဆိုတော့ အပြစ်တင်ချင်ရင် ကိုယ့်ကိုကိုယ်ပဲတင်သင့်တယ်မဟုတ်လား?လက်ခုံနဲ့ မျက်ရည်စက်တွေကို သုတ်ပေမဲ့ ထပ်ကျလာပြန်တယ်...ကြည့်ရတာ မျက်ရည်တွေက ကျနော့်ပါးပေါ်ကနေ စွန့် ခွာမသွားချင်တဲ့ပုံပဲ...
မျက်ရည်လေးရယ်...မင်း ငါ့ပါးပြင်ပေါ်မှာ တစ်သက်လုံးနေရာယူ
ထားဖို့ များ စဉ်းစားထားလေသလား?#ဂျောက်
အိမ်တံခါးဖွင့်သံနဲ့အတူ ကြားရတဲ့ ခပ်ပြင်းပြင်းခြေသံတွေ...
မျက်ရည်တွေကြောင့် အမြင်အာရုံက ဝေဝါးနေပေမဲ့
သူ့ ခြေသံတွေကိုတော့ ဘယ်အချိန်ဘယ်နေရာပဲဖြစ်ဖြစ် ကျနော်
မှတ်မိနေသည်လေ...