"သား...အိမ်က ထွက်သွားတုန်းက အမေတားခဲ့သင့်တာ"
အမေ့ကို ဆန်ပြုတ် ပူပူနွေးနွေး ခွံ့နေသော ကျနော့်လက်တွေ ရပ်တန့် သွားသည်... Hyungကျနော့်ကို အတူထွက်သွား
ဖို့ လာခေါ်တဲ့ညက တံခါးအကွယ်ကနေ ချောင်းကြည့်နေတဲ့ အမေ့ကို ကျနော် မမြင်ချင်ယောင်ဆောင်ခဲ့မိတယ်...ကျနော် ထွက်သွားမှာကို သိရက်နဲ့ အဖေ့ကို သွားမပြောဘဲ...အစောင့်တွေကို မခေါ်ဘဲ အမေက ဒီတိုင်းလေးပဲရပ်ကြည့်နေခဲ့တာ..."အဲဒီအချိန်တုန်းက သားပျော်ပါစေဆိုတဲ့စိတ်တစ်ခုနဲ့
အမေ လွှတ်ပေးလိုက်မိတာ...အခုလိုဖြစ်မယ်မှန်းသိရင် အမေ သားကို သူ့ လက်ထဲမထည့်လိုက်ပါဘူးကွယ်""မငိုပါနဲ့အမေရယ်...ပြီးတာတွေလည်း ပြီးသွားပြီပဲ...ကျနော် အခု အမေ့ဘေးကို ပြန်ရောက်လာပြီပဲ..."
ကျနော် အတတ်နိုင်ဆုံး ပြုံးပြရင်း အမေ့ရဲ့မျက်ရည်တွေကို လက်နဲ့အသာ သုတ်ပေးလိုက်တယ်...
"အခု အဖေအပြစ်မရှိကြောင်းကို ပြဖို့ က အရေးကြီးဆုံးပဲ မလား?အဲဒီအတွက်ကိုပဲ အာရုံထားရအောင်နော်"
ပြောသာပြောလိုက်ရပေမဲ့ တကယ်တမ်းတော့ ကျနော် ဘာလုပ်ရမယ်မှန်းမသိ...
လက်စားချေချင်တဲ့Hyungစိတ်ကိုလည်း နားလည်ပေမဲ့ တစ်ဖက်ကလည်း ကျနော့်ကို အရမ်းချစ်တဲ့ အဖေနဲ့အမေလေ...
မိဘတွေကို တစ်ခါ စိတ်ညစ်အောင်လုပ်ပြီးရင် ကျနော့်လိုသားမိုက်က ဆက်မမိုက်သင့်တော့ဘူးမလား?
ဒါပေမဲ့ ကျနော်အရမ်းချစ်တဲ့Hyungအပေါ်လုပ်
ခဲ့တဲ့ အဖေနဲ့အမေ့ရဲ့အပြစ်တွေ...
ကျနော် ဘာလုပ်သင့်လဲဟင်...~~~
အဖေ့ကို သွားတွေ့ပြီး ကျနော့်ရဲ့နောက်ထပ်အချိန်ပိုင်းအလုပ်တစ်ခုဆီ လာခဲ့သည်...အဖေက စစသွားတွေ့ချင်းတုန်းကတော့ ကျနော့်ကို အိမ်က ထွက်သွားတာကြောင့် ဒေါသထွက်နေခဲ့ပေမဲ့ အခုနောက်ပိုင်းတော့ နည်းနည်းအဆင်ပြေလာသည်...
အဖေ့ကို တစ်ပတ်တစ်ခါလောက် သွားတွေ့ဖြစ်ပေမဲ့ Hyungရဲ့လက်စားချေတဲ့လုပ်ရပ်ကို
အခုထိ မပြောဖြစ်သေးတာကြောင့်
'Kris Wuကို ယုံကြည်မိတာ မှားတာပဲ'ဟု တတွတ်တွတ်ပြောနေတတ်သည်...
ကျနော်အိမ်က ထွက်သွားပြီးတဲ့နောက်
အဖေ့မှာ သွေးတိုးရောဂါရှိသည်ဟု
အမေ့ရဲ့ကြိုတင်သတိပေးမှုကြောင့် လက်စားချေသည့်အကြောင်းကို အဖေ့ကို မပြောဖြစ်သေးခြင်းပင်...ပြောလိုက်
လို့ ရုတ်တရက်သွေးတိုးသွားရင်............
ကျနော် အဖေ့ကို မဆုံးရှုံးချင်ပါ...
အမေ့ကိုလည်း စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံးမပြောနဲ့ ဟူသည့်ဆရာဝန်ရဲ့မှာကြားချက်ကြောင့်
အခုထိ မပြောဖြစ်သေး...