ကျနော့် မျက်နှာပေါ်ကျလာတဲ့ နေရောင်ခြည်ကြောင့်
မျက်နှာကို လက်နဲ့ကွယ်လိုက်တယ်...မနက်ဘက် မျက်နှာပေါ်ကျလာတဲ့ နေရောင်ခြည်ကို ကျတော် အရမ်းမုန်းတာ!"နိုးလာပြီလား?"
အသံပိုင်ရှင်က ကျတော့်အနားမှာ ရှိနေပြီး သူက Kris Wu ဆိုတာကို ကျတော် မျက်လုံးဖွင့်မကြည့်ပေမဲ့ သိလိုက်တယ်...
"နိုးရင်လည်းထတော့...နောက်ကျတဲ့အထိအိပ်နေရင် ခေါင်းမူးလိမ့်မယ်..."
ကျတော့်ရဲ့လက်မောင်းရင်းက အထိအတွေ့တစ်ခုနဲ့အတူ ကျတော် ခုတင်ပေါ်မှာ ထိုင်လျက်သားဖြစ်သွားတယ်...!အဲ့လူကြီးက လုပ်ပြီဆို အတင်းပဲ!
"အာ့!ခေါင်းကိုက်လိုက်တာ"
ညက ဆိုဂျူ တွေသောက်တ အရမ်းများသွားပုံပဲ!တစ်ခုမှကို မမှတ်မိတော့ဘူး...
"ရော့...သောက်လိုက် "
ကျတော့်မျက်စိရှေ့ကို ရောက်လာတဲ့ သံပုရာရည်တစ်ခွက်...သူဖျော်ပေးထားတာများလား?
ကျတော် သူပေးတဲ့ သံပုရာရည်ခွက်ကို ယူပြီး
သောက်လိုက်တယ်..."ညက ဘာလို့ ငါ့ကို အဲ့လို မေးတာလဲ?NaNa နဲ့ ငါ ဘယ်လိုပတ်သတ်နေတာလဲလို့ "
"ဖူးးးးးးးးး"
ကျတော့်ပါးစပ်ထဲက သံပုရာရည်တွေက
အရှေ့မှာရှိနေတဲ့ သူ့ မျက်နှာပေါ်မှာ...
Aish!ကျတော်ဘာတွေလုပ်မိ
လိုက်တာလဲ?"sorry"
ကျတော် ခုတင်ဘေးက စားပွဲခုံပေါ်မှာရှိတဲ့ တစ်ရှူးကို
ယူပြီး သူ့ မျက်နှာကို သုတ်ပေးလိုက်တယ်...
ကျတော် တစ်ရှူးနဲ့သုတ်ပေးနေတုန်းသူက ကျတော့်လက်ကို လှမ်းကိုင်လိုက်တော့ ရုတ်တရက်မို့ ကျတော်လည်းလန့် သွား
တယ်..."ရပြီ...မသုတ်ပေးနဲ့တော့...မျက်နှာသွားသစ်လိုက်မယ်"
သူ ရေချိုးခန်းထဲ ဝင်သွားတော့ ကျန်ခဲ့တာက ကျတော်...
ညက ကျတော် သူ့ ကို တကယ်ပဲ အဲ့လိုကြီးမေးခဲ့တာလား?
တဖြည်းဖြည်းနဲ့ ကျတော့် မှတ်ဉာဏ်မှာ ဝိုးတဝါး ပေါ်လာတဲ့ပုံရိပ်တွေ...