Part-10

2.7K 293 10
                                    

တစ်ခြားသူတွေအတွက်တော့ မသိပေမဲ့ ဒီ2ပိုင်းလုံးကို အနော်ကတော့ FanFanရဲ့From Now On သီချင်းကို repeat againလုပ်ပြီး typeခဲ့ပါတယ်...သီချင်းနဲ့လိုက်တယ်
လို့ ခံစားရလို့ ပါ...အဲ့တော့
From Now Onသီချင်းရှိရင် နားထောင်ပြီးဖတ်ပါလို့ အကြံပေးချင်ပါတယ်...
နားမထောင်ဘဲဖတ်လည်းရပါတယ်...အနော်က အကြံပေးရုံသက်သက်ပါ 😁😁😁

Please enjoy!

~~~

'Wings Companyမှ ဥက္ကဌ Kim Jae Hee ဟာ ကုမ္ပဏီပိုင်ငွေ
အမြောက်အမြားကို အလွဲသုံးစားလုပ်မှုဖြင့် ဥက္ကဌနေရာမှ ဖြုတ်ချခံရပြီး လစ်လပ်သွားသော ဥက္ကဌနေရာကိုတော့ ယခင်က companyရဲ့ ဌာနမှူးအဖြစ် အလုပ်လုပ်ခဲ့သူ Kris Wuမှ ဆက်ခံခဲ့ပါတယ်...Kim Jae Heeကတော့
တရားရင်ဆိုင်နေရပြီး ထောင်ဒဏ် ငါးနှစ်ကျနိုင်ဖွယ်ရှိပါတယ်...'

        တီဗွီမှ လာသော သတင်းကို  ကြည့်နေရင်း ကျနော်
မျက်ရည်တွေကျလာသည်...
မယုံကြည်နိုင်ခြင်း...ဝေခွဲမရခြင်း...
စဉ်းစားမရခြင်းများစွာ လည်း ကျနော့်ခေါင်းထဲနေရာယူလာသည်...

Hyungက အဲ့လိုလုပ်မယ့်လူမှ မဟုတ်တာ...
Hyungက appaကို ဖြုတ်ချပြီး appaနေရာကို ယူတယ်တဲ့လား?
မဖြစ်နိုင်ဘူး...တစ်ယောက်ယောက်လောက် လာပြီး ကျနော့်ကို မဟုတ်ဘူးလို့ ပြောကြပါ...

ကျနော်တကယ်ခံနိုင်ရည်မရှိတော့ဘူး...
မနေ့ ညကလေးတင် Hyungဆီက ရင်နာစရာစကားတွေကို ကြားထားရတာလေ...ဒီမနက်မှာ ကျနော့်ရင်ကို ခွဲ
ဖို့ နောက်ထပ်သတင်းတစ်ခု ထပ်မလာသင့်ဘူးမလား?

ကျနော့်ရဲ့appaနဲ့ommaကို ထားခဲ့ပြီး Hyungနောက်ကို ယုံကြည်စွာနဲ့
လိုက်လာခဲ့ကာမှ Hyungက ကျနော့် ကို ပစ်ထားခဲ့ပြီး အခုappa ရဲ့companyကိုပါသိမ်းပိုက်သွားခဲ့တယ်...

မနေ့ ညက Hyungပြောခဲ့တဲ့စကား...

#မင်းက
Kim Jae Heeနဲ့Oh Min Naတို့ ရဲ့
သားKim SuHoအဖြစ်မွေးလာတာကိုက မင်းအမှားပဲ...Suho#

      ကျနော် ဒါတွေကို ရှင်းရှင်းလင်းလင်းသိဖို့ 
လိုတယ်...

ကျနော် Hyungဆီ
ဖုန်းခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်...

"Hello...Hyung..."

"သတင်းကြည့်ပြီးပြီလား"

       အေးစက်စက် Hyungအသံကို ကျနော် အနည်းငယ်တော့ ရင်းနှီးစပြုလာပြီ...

A Pair of WingsWhere stories live. Discover now