"ကလင်!!!"
ကျောင်းဆင်းခေါင်းလောင်းထိုးတော့ အတန်းအသီးသီးက ကျောင်းသားတွေ သူ့ အုပ်စုနဲ့သူ အစုလိုက် ထွက်လာကြတယ်...ကျတော်ကလည်း
ကျတော့် သူငယ်ချင်းတွေ ဖြစ်တဲ့ Chen နဲ့ Baekhyun တို့ နဲ့အတူ ထွက်လာတယ်...
"မင်းနဲ့ ဟိုလူကြီး အဆင်ပြေနေပြီလား?"
Baekhyunတို့ က ကျတော် Kris Wu နဲ့အတူနေတာကို သိနေတာကြောင့် မေးလိုက်တယ်...
"ဘယ်က ပြေရမှာလဲ?appaတို့ ကတော့ အဲဒီလူကြီးက
အတော်ကောင်းတယ်လို့ ညွှန်းနေတာ...အတူနေကြည့်မှ အကျင့်က တစ်စက်ကလေးမှ မကောင်းဘူး..."
"သူ့ ကြည့်တော့ နွေးထွေးမယ့်ပုံပါပဲ"
Chen စကားကြောင့် ကျတော် အန်တောင် အန်ချင်သွားတယ်...နွေးထွေးတယ်ဟုတ်လား??နွေးဖို့ မပြောနဲ့...အဲဒီလို နွေးဖို့  ထင်းမီးတောင် မရှိတဲ့ မီးဖိုလို ဟာကြီးကို...
"Suho! ငါနဲ့ Chen မနက်ဖြန် ရုပ်ရှင်သွားကြည့်မလို့ လုပ်ထားတယ်...မင်းရောလိုက်ဦးမလား?"
"လိုက်တော့ လိုက်ချင်တယ်...ဒါပေမဲ့ ဟိုလူကြီးက လွှတ်မှာ မဟုတ်ဘူး...appaကိုယ်တိုင်က ပိတ်ရက်မှာ ငါ စာလုပ် မလုပ်ကို အဲဒီလူကြီးကို စောင့်ကြည့်ခိုင်းထားတာကွ"
"မင်းဘဝကြီးကလည်းကွာ! အေးပါ...ဒါဆိုလည်း
ငါတို့ နှစ်ယောက်ပဲသွားတော့မယ်...အိမ်သေချာပြန်ဦး...တော်ကြာ မင်းလူကြီးစိတ်ပူနေဦးမယ်"
Baekhyun က ကျတော့်ကို စရင်း Chen နဲ့အတူ ထွက်သွားသည်...Baekhyun နဲ့ Chen က အိမ်ပြန်တဲ့လမ်းချင်း တူတယ်လေ...ကျတော်ကတော့ သက်သက် တစ်ယောက်တည်းပေါ့... Kris Wu
ဆိုတဲ့ လူကြီးကလည်း အသွားသာ သူ့ ကားနဲ့ လိုက်ပို့ တာ...အပြန်ကျတော့ ဝင်မကြိုပေးဘူး...အဲဒါတွေ အကျင့်မကောင်းတာ!!
"ပြန်လာပြီလား?"
အိမ်ထဲ ဝင်ဝင်ချင်း ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ Kris Wu ဆီက စကားသံကြားလိုက်ရတယ်...ခါတိုင်းဆို ကျတော် ကျောင်းက ပြန်လာပြီး ညစာစားခါနီးမှ သူ ပြန်ရောက်လာတာ...ဒီနေ့ တော့ စောစောစီးစီး ပြန်ရောက်နေတယ်