Part-14[Final]

4.9K 480 87
                                    

             The Last End

"မတွေ့ရတာ ကြာပြီနော်
Kim Jae Hee ssi"
 
"Kris Wu!!မင်း!!"

        ကျနော့်ကို မြင်တော့သူက ကမူးကရှူးပြေးလာပြီး
လက်သီးနဲ့ထိုးဖို့ လုပ်သော်လည်း သူနဲ့ကျနော့်ကြား မှန်တစ်ချပ်
ခြားနေသည်လေ...

"ဒေါသကို ထိန်းစမ်းပါဗျာ..."

"မင်းကို ဒီလောက်ထိ အကျင့်ယုတ်မယ်လို့ 
မထင်ထားမိဘူး...ငါ့companyကို မတရားတဲ့နည်းနဲ့ အပိုင်သိမ်းတဲ့အပြင်...
ငါ့သားအချစ်ကိုပါ ကစားခဲ့တယ်...မင်းက လူမဆန်တဲ့အကောင်ပဲ Kris Wu"

"လူမဆန်ဘူး  ဟုတ်လား? ဟက်...ဘယ်သူက လူမဆန်ခဲ့တာလဲဆိုတာသေချာပြန်တွေးကြည့်
စမ်းပါ  Kim Jae Hee"

"ပြန်တွေးစရာမလိုဘူး...ငါ မင်းအပေါ်မှာ ယုံကြည်ထားသလောက် မင်းကတော့ ငါ့နောက်ကျောကို ဓားနဲ့ထိုးဖို့ အမြဲချောင်းနေတဲ့ ကောင်!ငါ့သားကို မင်းဆီမှာ အပ်ထားခဲ့မိတာ ငါ့ဘဝမှာ နောင်တအရဆုံးကိစ္စပဲ "

"အဲဒီကိစ္စတွေ အကုန်လုံးကို ခင်ဗျား ကပဲ ဖန်တီးခဲ့တာ...ခင်ဗျား ကျနော့်ကို သေချာကြည့်စမ်းပါ...အရင်က
တွေ့ဖူးတယ်လို့ မထင်ဘူးလား?"

         ကျနော်ပြောတော့ သူက ကျနော့်ကို စေ့စေ့ကြည့်တယ်...ခင်ဗျား ဘဝမှာ ကျနော်က
တော်တော်လေးကို အရေးမပါခဲ့တာပဲ...
ဘယ်လောက်ပဲ အချိန်တွေကြာနေပြီပြောပြော...ဘယ်လောက်ပဲ
ငယ်ရုပ်ပျောက်သွားတယ်ပြောပြော...
ကိုယ့်သားမျက်နှာကိုတော့ ခင်ဗျား မှတ်မိနေသင့်တယ်...
Kim Jae Hee...
တစ်ချိန်က ခင်ဗျားမှာ Yi Fanဆိုတဲ့
သားတစ်ယောက်ရှိခဲ့တာကိုရော
ခင်ဗျား သတိရသေးရဲ့လား?

"လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က
ခင်ဗျားရဲ့သား Yi Fanကို ဒီလောက်ထိ ကြည့်တာတောင် မမှတ်မိဘူးလား"

          ကျနော့်စကားကြားမှ သူက အလွန်အမင်းအံ့အားသင့်သွားသည်...
ခက်ထန်တဲ့ သူ့ အကြည့်တွေကလည်း တုန်လှုပ်စွာနဲ့ ကျနော့်ကို စိုက်ကြည့်နေသည်...

"Yi Fan?? မင်းက တကယ်ပဲ
Yi Fanလား?"

"ဟုတ်တယ်...ခင်ဗျားနဲ့ခင်ဗျားရဲ့နောက်မိန်းမကို
စိတ်နာလို့ Kris Wuအဖြစ်နဲ့ ခင်ဗျားတို့ ဆီ
ပြန်လာခဲ့တာ...ခင်ဗျားတို့ ကို
လက်စားချေခဲ့တာ...တစ်ချိန်က
ကျနော့်အမေရဲ့ companyကို ကျနော်ပြန်ယူခဲ့တာ...ခင်ဗျားသား Suhoကို အသုံးချပြီး သူ့ ကြောင့်ခင်ဗျားတို့ ပါခံစားရအောင် လုပ်ခဲ့တာ...
အားလုံးကို ကျနော် လုပ်ခဲ့တာ...ကျနော် လက်စားချေတာ...!!!"

A Pair of WingsWhere stories live. Discover now