မှတ်မိပါသေးတယ် ...
ကျမဘဝထဲကိုသူဝင်လာခဲ့တဲ့နေ့လေး..အသည်းခိုက်အောင်အေးတဲ့နှင်းတွေတဖွဲဖွဲကျနေတဲ့
ဆောင်းတွင်းမနက်ခင်းတစ်ခုမှာ...
ကျောင်းအသစ်ကိုပြောင်းလာရတဲ့
အလယ်တန်းပထမနှစ်မှာ...လူကြောက်တတ်လို့
ထိုင်ဖို့နေရာ ကိုကြောင်တောင်တောင်နဲ့လိုက်ရှာနေတဲ့
ကျမကို.."ဒီမှာလာထိုင်လို့ရတယ်" လို့အသံသေးသေးလေးနဲ့
ထပြောခဲ့တဲ့...
တွန့်ဆုတ်ဆုတ်ဖြစ်နေတဲ့ကျမကို အားပေးသလို
သွားသေးသေးလေးတွေအကုန်ပေါ်အောင်ပြုံးပြခဲ့တဲ့.
မျက်လုံးဖောင်းဖောင်း လေးတွေနဲ့ကောင်လေး...အဲ့ဒီနေ့ကပြတင်းပေါက်ကနေလှမ်းမြင်ရတဲ့
တဖွဲဖွဲကျနေတဲ့နှင်းတွေနောက်ခံနဲ့သူဟာ.
အနည်းငယ်အသားညိုပေမယ့်..
ဖြူစင်တောက်ပတဲ့အပြုံးလေးတွေနဲ့...နောက်ထပ်နှစ်ပေါင်းများစွာတိုင်အောင်
ကျမဘေးမှာရှိနေပေးမယ့်
အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်လာခဲ့တယ်..
~~~~~~~~~~~~~~~~~~~~~~
အလယ်တန်းပထမနှစ်....ကျောင်းပြောင်းလာတဲ့ကျမကို အများကြီးကူညီပေးပြီး
စာတွေလည်းကူရှင်းပြပေးတဲ့သူဟာ.
စာတော်တဲ့ကျောင်းသားတစ်ယောက်မဟုတ်သလို
အပေါင်းအသင်းဆံ့တဲ့သူတစ်ယောက်လည်းမဟုတ်ခဲ့ပါဘူး.
သူဟာ..ကျမလိုပဲအပေါင်းအသင်းဂျီးများတဲ့သူတစ်ယောက်
အလွယ်တကူမိတ်မဖွဲ့တတ်တဲ့သူ..
လူများတဲ့နေရာတွေကိုစိတ်ရှုပ်တတ်ပြီး..
တစ်ယောက်ထဲနေချင်တဲ့သူ..
ဒါပေမယ့် အခက်အခဲတွေ့နေတဲ့လူတွေကိုတော့
ကူညီပေးဖို့ ဘယ်တော့မှဝန်လေးတဲ့လူမဟုတ်ပါဘူး..ကျောင်းသူ အသစ်ဖြစ်ပြီး နေရာတကာဂျီးများတတ်လို့
အပေါင်းအသင်းမရှိတဲ့ကျမအတွက် ပထမဆုံးနဲ့
အချစ်ရဆုံး သူငယ်ချင်းတယောက်တော့
သူဖြစ်ပေးခဲ့ပါတယ်..
YOU ARE READING
Three hearts..Two loves..One destiny..
FanfictionA beautiful love triangle between.. ..