"Caterpillar in the tree,how you wonder you would be..can't go far but you can always dream.."
မားမာရဲ့နူးညံ့တဲ့အသံရယ်..
ကျမခေါင်းကိုညင်သာစွာပွတ်ပေးနေတဲ့
သူမရဲ့လက်တွေကြောင့်..ကျမမျက်ရည်တွေ
ထပ်ကျလာပြန်တယ်..ဒီလိုနွေးထွေးတဲ့ရင်ခွင်တခုက
ရှူံးနိမ့်မှုတွေအတွက်အားမနာတမ်းငိုကြွေးဖို့
အသင့်တော်ဆုံးပါပဲ..."မား.."
ကျမအသံက အက်ကွဲစွာထွက်လာတယ်..
နှစ်နဲ့ချီပြီး...
ကျမပေးခဲ့ရတဲ့အချိန်တွေနဲ့
ကြိုးစားမှုတွေက .အဲ့ဒီပြောင်လက်နေတဲ့ကြမ်းခင်းမှာရှောခနဲ
တချက်ဟန်ချက်ပျက်သွားခဲ့ရုံနဲ့အကုန်
ရေစုန်မျှောသွားခဲ့တယ်.."ယွဲမ် ကအရမ်းညံ့တာပဲနော်"
သူမပေါင်ပေါ်မှာအိပ်နေတဲ့ကျမရဲ့
နှာခေါင်းကို မားကမနာအောင်ခပ်ဖွဖွဆွဲတယ်.."မားသမီးလေးကအတော်ဆုံးဆိုတာ မားသိတယ်.
လူတိုင်းလွဲချော်နိုင်တာပဲလေ..
ပိုပြီးကောင်းတဲ့အခွင့်အရေးတခုသမီးကို
ဘုရားသခင်ကပေးမှာ
ဒါစိတ်ဓာတ်ကျစရာကိစ္စမျိုးမဟုတ်ဘူးနော်..
ထပ်မငိုနဲ့တော့..""ဒါပေမယ့်..ယွဲမ်အရမ်းမျှော်လင့်ထားတာ
ပါရီမှာကျောင်းတက်ချင်ပါတယ်ဆို""တော်ပြီနော်ယွဲမ်..သမီးကဒီလောက်ပဲ
မျှော်လင့်ထားတာလား..တခေါက်ရှူံးနိမ့်တာနဲ့
ဘဝကြီးကပြီးသွားပြီလား...huh""....."
"မားငယ်ငယ်ကဆို#*¿¿$$£€"
ကျမသူမကိုမော့ကြည့်မိတယ်..
မားကအရမ်းတော်တဲ့အမျိုးသမီး
ကျမကိုကိုယ်ဝန်ဆောင်ရက်နဲ့ ဗိသုကာမာစတာကို
မရရအောင်တက်ခဲ့တာ..
သူမတို့ခေတ်က ဆယ်ယောက်ပဲရှိတဲ့အဲ့ဒီအတန်းမှာ
သူမတယောက်ထဲမိန်းကလေး..
ပြီးတော့အရမ်းလည်းပြတ်သားတယ်..
တရုတ်လူမျိုးတယောက်ဖြစ်တဲ့ပါ့ပါ နဲ့လက်ထပ်တုန်းကလည်းတအိမ်လုံးကိုဆန့်ကျင်ခဲ့တာ..
YOU ARE READING
Three hearts..Two loves..One destiny..
FanfictionA beautiful love triangle between.. ..