ကလေးလေးဟာ တဖြည်းဖြည်းနဲ့စကားပြောတတ်လာတယ်
သူမဟာ သိပ်ချစ်ဖို့ကောင်းတယ်
သူမရဲ့ အဖေလိုသမင်မျက်လုံးလေးတွေရှိပြီးတော့
သူမ အမေလို ဆံပင်နွယ်နွယ်လေးတွေနဲ့..
သူမရဲ့နှုတ်ခမ်းလေးတွေက စကားမြန်မြန်
ပြောတဲ့အခါ သူမ အဖေလိုပဲရှေ့ကိုချွန်ချွန်ထွက်လာတယ်
ရုတ်တရက် ကြည့်ရင်သူ့အကိုနဲ့တူလွန်းတဲ့ကလေးမ
လေးကို huang zitao ကယွဲမ် နဲ့တူပါတယ်လို့
သူ့ကိုယ်သူ ဇွတ်ညာတယ်..သူဟာ ကလေးမလေးကိုချစ်လို့မဝနိုင်သလိုပဲ
ညတရေးနိုးတောင်ထကြည့်ပြီးပြုံးတယ်..
Bao bei er(my little precious)
လို့အမြဲတမ်းခေါ်နေပြီးတော့ သူချစ်စနိုးထပ်ပေးထားတဲ့
နာမည်က bei bei..
ယွဲမ်ပေးခဲ့တဲ့နာမည်လေးကို သူမခေါ်ရက်ဘူး
အကြောင်းအရင်းက bai xue(snow white)
ဆိုတဲ့နာမည်လေးက သူမထွက်သွားခဲ့တဲ့ညကို
သတိရစေလို့..
ကလေးမလေးရဲ့မွေးနေ့က ခရစ်စမတ်ညဖြစ်ပြီးတော့
ယွဲမ်ယွဲမ့် ရဲ့နှစ်ပတ်လည်ကလည်းကလေးမလေးရဲ့
မွေးနေ့မှာပဲကျရောက်တယ်..Beibei ပထမဆုံးပြောတတ်တဲ့စကားက
"ပါ့ပါ"
အဲ့ဒါက သူမ ဆယ်လသမီးအရွယ်မှာစပြောတာZitao ကအဲ့ဒီနေ့မှာငိုတယ်..
တနေကုန်ပဲ ကလေးလေးကို ထပ်ခေါ်ခိုင်းတယ်
တွေ့သမျှလူကိုလိုက်ကြွားနေပြီးတော့
ညတောင်မအိပ်နိုင်တဲ့အထိပဲ..အရမ်းပဲလိမ္မာတဲ့ကလေးမလေးဟာ
ဘယ်တော့မှ မငိုသလောက်ပဲ
သူမဟာ သူမပါ့ပါ ထက်အများကြီးကြံ့ခိုင်တယ်
နေမကောင်းရင်တောင်မငိုတတ်ဘူး..Huang zitao ကသူ့သမီးလေးကို
ခဏခဏမေးတယ်ပါ့ပါ ကလူဆိုးကြီးလား bao bei?
ပါ့ပါ လုပ်ခဲ့တာတွေမှားလားဟင်?
သမီးသိသွားရင် ပါ့ပါကိုမုန်းသွားမှာလား?သူ့ရင်ထဲမှာ အပြစ်ရှိခြင်းတွေပြည့်နှက်နေရက်နဲ့
တောင်..ယွဲမ့်အပေါ်မတရားသလိုခံစားရမှုတွေ
သူ့အစ်ကိုအတွက်စိတ်မကောင်းခြင်းတွေ..
ချက်ချင်းပဲ luhanကိုဖွင့်ပြောလိုက်ချင်စိတ်တွေ
တင်းကြပ်စွာပြည့်နှက်နေရက်နဲ့တောင်..
YOU ARE READING
Three hearts..Two loves..One destiny..
FanfictionA beautiful love triangle between.. ..