~~~~~~Six months later~~~~~~
ကျွန်တော်သူမကိုအထီးမကျန်စေချင်ဘူး
အင်္ဂလန်ရဲ့ကြမ်းတမ်းတဲ့ဆောင်းရာသီက
တစ်ကျော့ရောက်လာပြန်ပြီ..လွန်ခဲ့တဲ့နှစ်လကကျွန်တော်သွားတော့
သူမကပိုပိန်သွားတယ်..
ဆေးခန်းကိုလည်းမှန်မှန်မသွားဘူးထင်ပါရဲ့..Luhan geရဲ့အမှာစကားတွေလုပ်ကြံ
ဖန်တီးရင်း သူမ မှာတဲ့ bean poleကကော်ဖီ
စေ့လေးတွေဝယ်သွားပေးရင်း တစ်ပတ်လောက်
လန်ဒန်မှာ သူမကိုအဖော်လုပ်ပေးခဲ့တယ်..အရင်လိုတက်တက်ကြွကြွမဟုတ်သည့်တိုင်
ယွဲမ်က ကျွန်တော်သွားတဲ့အခေါက်တိုင်းတော့
တောက်ပတဲ့အပြုံးလေးတွေနဲ့ဆီးကြိုခဲ့တယ်..တစ်ခေါက်ကဆို london eye ကိုအတူတူစီးရင်း
ကျွန်တော်တို့စကားတွေအများကြီးပြောခဲ့ကြတယ်..
ယွဲမ် က..geအမြင့်ကြောက်တာကိုသိတယ်..သူမက ကလေးလေးကိုသမီးလေးဖြစ်စေချင်တယ်လို့
ပြောတယ်..
ဒိုင်ယာနာမင်းသမီးမွေးတဲ့ဆေးရုံမှာပဲမွေးမယ်လို့လည်း
စိတ်ကူးယဉ်ဆန်ဆန်ပြောသေးတယ်...
သူမရဲ့ သမီးလေးကနယူးရီးယားအပြီးမှာ
မွေးမယ်လို့ဒိတ်ပေးထားတာမို့..
သူမက ကျွန်တော့်ကိုဝမ်းသာအားရပြောသေးတယ်"ကံမကောင်းတာတွေနှစ်ဟောင်းမှာထားခဲ့ပြီ
မို့လို့ ကလေးလေးကငါ့ကိုကံကောင်းခြင်းတွေယူ
လာပေးတော့မှာ..နော့်Tao
Ge ပြန်လာတော့မယ်ထင်တယ်.." တဲ့မွေးဖို့ရက်နီးကပ်လာပြီ..
ပြီးတော့ခရစ်စမတ်မှာလည်း ယွဲမ့်ကို
အထီးမကျန်စေချင်တာကြောင့်
လန်ဒန်ကို သမုဒ္ဒရာကြီးဖြတ်ပြီး
ကျွန်တော်ရောက်လာပြန်တယ်..ဟော်တယ်ကနေသူမအိမ်ကိုလာတဲ့
လမ်းမှာ ခရစ်စမတ်ညစာအတွက်
ပြင်ဆင်ဖို့ဝယ်ခဲ့သေးတယ်..ကြောင်တစ်ကောင်နဲ့အဖော်ပြုရင်း
အားငယ်နေမယ့်ယွဲမ်ယွဲမ့်ဆီကိုပဲ
အားလပ်ရက်တိုင်းရောက်လာခဲ့တာ..
YOU ARE READING
Three hearts..Two loves..One destiny..
FanfictionA beautiful love triangle between.. ..