ယွဲမ်က NYရောက်လာပြီးတဲ့နောက်မှာ
ပြောင်းလဲသွားတယ်..သူမဟာအားတိုင်း
Shopping ထွက်ချင်နေတယ်..ဒါပေမယ့် ballet နဲ့ပတ်သတ်ပြီးတော့တော့
အရင်ကလိုပဲ..
အရင်ကလိုစိတ်အားထက်သန်တုန်းပဲ..ယွဲမ့်ပါ့ပါဟာ public health surveyကောက်ဖို့
အာဖရိကနိုင်ငံတွေဘက်ကိုတာဝန်ယူလိုက်တဲ့အခါမှာ
သူမဟာပွစိပွစိလုပ်ပြီး အန်တီဂျင်းဂျူဆီကိုအလိုလို
ရောက်လာတော့တယ်.."ငါဂျီနီဗာမှာဘယ်လောက်ပျော်လဲ နင်သိတယ်မလား
ငါဒီမှာမနေချင်ဘူး zitao..
လူတွေကိုရှူပ်ရှက်ခပ်နေတာပဲ..aishh မုန်းလိုက်တာ"အန်တီဂျင်းဂျူဟာ အရင်နှစ်ကပဲအိမ်ထောင်ပြုပြီးတော့
ခုဆိုကလေးလေးတယောက်ရှိနေပြီ
သူမအမျိုးသားကတော့စစ်ထဲမှာ..ယွဲမ်ကလည်းအခုဆို SAB မှာစတက်နေပြီ
သူမဟာအရင်လိုတခွေခွေနဲ့
လူကြောက်တတ်တဲ့မိန်းကလေးမျိုးမဟုတ်တော့ဘူး
တက်ကြွပြီးပဲများတတ်နေပြီ"Eye liner ကငါနဲ့လိုက်လား Tao
Gel type ကကောင်းမလား ခဲတံကကောင်းမလား""မသိဘူး..ဘာလုပ်လုပ်လှတာလည်းမဟုတ်ပဲနဲ့"
"Yarr နင့်မျက်လုံးကိုlinerဆွဲကြည့်လေ
ငါ့လိုလှမလားလို့"သူမဟာကျွန်တော့်အပေါ်တော့အရင်လိုဆိုးတုန်းပဲ
ညနက်သန်းခေါင်ဖုန်းဆက်ပြီး ကျွန်တော့်ရည်းစား
တယောက်လို ကလပ်တွေမသွားဖို့ပိတ်ပင်တုန်းပဲသူမဟာရောက်လေရာအရပ်မှာ
လိုက်ဖက်စွာပုံစံပြောင်းနိုင်တဲ့မိန်းကလေး
ငြိမ်သက်အေးချမ်းတဲ့ ဂျီနီဗာမှာတုန်းက
လွမ်းဆွေးတတ်တဲ့သိမ်မွေ့တဲ့ပုံစံမျိုးလေးနဲ့
အခုကျတော့ NYCနဲ့လိုက်ဖက်စွာလက်လက်ထ
တဲ့မိန်းကလေးမျိုးဖြစ်လာပြန်တယ်...ကျွန်တော်တဖြည်းဖြည်းပြောင်းလဲလာတဲ့သူမကို
ကြည့်ရင်းပျော်ရပါတယ်
ပိုပိုပြီးအသက်ဝင်လာတဲ့သူမရဲ့အိပ်မက်လေးတွေကို
ကြည့်ရင်းလည်းကြည်နူးရတယ်
YOU ARE READING
Three hearts..Two loves..One destiny..
FanfictionA beautiful love triangle between.. ..