ဖြစ်နိုင်လို့လား..?
ကျွန်တော့်ကို
အရာအားလုံးထက်ပိုချစ်တဲ့မိန်းကလေးက
ကျွန်တော့်ဘဝထဲကထွက်သွားတယ်ဆိုတာ..တခြားတယောက်ကိုရွေးချယ်သွားတယ်ဆိုတာ..
ဒီလိုခက်ခဲတဲ့အခြေအနေတွေကိုရင်မဆိုင်ချင်လို့ဆိုတာ
အရူးတယောက်လို လပေါင်းများစွာ
Castel combeမှာ..
သူမ နေခဲ့တဲ့လန်ဒန်ကတိုက်ခန်းလေးမှာ
ကျွန်တော်စောင့်နေခဲ့တယ်.
နေ့တိုင်းနေ့တိုင်း..တံခါးပွင့်လာပြီးယွဲမ်ဝင်လာလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့..
တစစရှည်လာတဲ့နှုတ်ခမ်းမွေးတွေနဲ့..
ဆေးသမားတယောက်လို
ကြောင်တောင်တောင်မျက်လုံးတွေနဲ့
ပြတင်းပေါက်ကိုညလည်းမပိတ်လို့
လေပြင်းနဲ့အတူ တညတလေမှာဝင်လာတတ်တဲ့
နှင်းစက်ဖွေးဖွေးတွေနဲ့
ကွဲအက်နေတဲ့ဘယ်လာပေးထားတဲ့အရုပ်လေးနဲ့..အဆက်မပြတ် ဖွင့်ထားတဲ့ကျွန်တော်တို့ရဲ့
Wedding တီးလုံးလေးနဲ့...
နေ့မှန်းမသိ ညမှန်းမသိတဲ့အချိန်တွေများစွာကို
ဖြတ်သန်းခဲ့ရတယ်..သူမ နောက်ဆုံးသောက်သွားပုံရတဲ့
ခွက်လေးကိုကိုင်ပြီး..
သူမ နောက်ဆုံးခြုံသွားပုံရတဲ့
စောင်လေးကိုပိုက်ပြီး..တလကြာတော့ ..
Tao ပြန်ပို့ပေးခဲ့တဲ့
သူမရဲ့လက်ထပ်လက်စွပ်လေးကိုဆုပ်ကိုင်ရင်းနဲ့..အဆက်မပြတ်ထိုးခဲ့မိတဲ့တိုက်ခန်းလေးရဲ့နံရံမှာ
ကျွန်တော့်သွေးစက်တွေသာမကအကြီးမားဆုံး ဆုံးရှူံးမှုရဲ့ရှိုက်သံတွေပါ
ပေစွန်းခဲ့လေရဲ့..သူမ နဲ့အတူတူခုန်နေဆဲဖြစ်တဲ့
နှလုံးသားက တိုးတိုးလေးပြောတယ်..
YOU ARE READING
Three hearts..Two loves..One destiny..
FanfictionA beautiful love triangle between.. ..