There is nothing sadder in this life than to watch someone you love walk away after they have left you.To watch the distance between your two bodies expand until there is nothing left but EMPTY SPACE AND SILENCE.
ဝမ်းနည်းကြေကွဲရသည့်အခါမှာလူ့ခန္ဓာကိုယ်က
သာမန်အချိန်ထက်အေးစက်တတ်တယ်လို့ကြားဖူးတယ်
ကျမလှဲနေတဲ့သစ်သားကြမ်းခင်းကိုဖြတ်ပြီးအောက်ခံ
ကွန်ကရစ်ရဲ့အအေးဓာတ်က
တမြေ့မြေ့စိမ့်တက်နေတယ်သေချာတာတော့
အပူပေးစက်ကိုပိတ်မထားပါဘူး..
ဘာလို့ဒီလောက်တောင်အေးစက်နေရတာလဲ..
ညနေကထဲကကျနေတဲ့နှင်းစက်တွေကအခုထိ
မကုန်နိုင်သေးသလိုပဲ..
ဲဧည့်ခန်းရဲ့ကြမ်းပြင်မှာမီးမဖွင့်ပဲလှဲနေတာကြောင့်
မျက်စိနဲ့တန်းနေတဲ့ လူတစ်ရပ်စာမှန်ပြတင်းပေါက်
ရှည်ရှည်တွေကတစ်ဆင့်နှင်းတွေကျနေတာကို
ပန်းချီကားလေးတစ်ချပ်လိုမြင်နေရတယ်..ခြံထဲကခြုံပုတ်ပုပုလေးပေါ်မှာနှင်းတွေဖွေးနေပြီ
မားမာစိုက်ထားတဲ့ပန်းပင်တွေပေါ်မှာနှင်းတွေ..
သစ်သားဒန်းလေးပေါ်မှာနှင်းတွေ..ပြီးတော့ ညနေက ကျောခိုင်းသွားခဲ့တဲ့
Geရဲ့ကျောပြင်ပေါ်မှာနှင်းတွေ..ကြမ်းပြင်ပေါ်ကိုကျကျသွားတဲ့မျက်ရည်စက်လေးတွေဟာ
ရေပြင်ညီကြမ်းခင်းကြောင့်
လိမ့်မဆင်းသွားပဲမျက်လုံး
ထောင့်အောက်မှာပဲရှိနေတယ်..
တဖြည်းဖြည်းများလာတော့..ကျမပါးပြင်ကိုလာထိတယ်"ယွဲမ် ah.."
ဘယ်လိုရောက်လာမှန်းမသိတဲ့ Taoဟာ
ကျမနဲ့မျက်နှာချင်းဆိုင်မှာဝင်လှဲလိုက်တော့
ခုနက လှပတဲ့မြင်ကွင်းလေးကိုကွယ်သွားစေတယ်သူ့ရဲ့မျက်လုံးဖောင်းဖောင်းလေးတွေကိုမကြည့်ပဲနဲ့
မြင်ရတယ်..
ကျွန်မဘာကိုကြည့်နေမိတာလဲ..
အာရုံလည်းဒီမှာမရှိတော့ပါဘူး..
ရင်ဘတ်ထဲမှာဆွဲဆုတ်ထားသလိုနာကျင်မှုတွေနဲ့
သောက..ပူလောင်ခြင်း..မခံမရပ်နိုင်တဲ့ရိုက်ချက်
တွေကိုလည်းသတိမပြုမိတော့ပါဘူး..
တယောက်ယောက်ကိုတိုင်တည်ငိုကြွေးဖို့လည်း
အားမရှိတော့ဘူး..
YOU ARE READING
Three hearts..Two loves..One destiny..
FanfictionA beautiful love triangle between.. ..