တစောင်းမြင်နေရတဲ့တိုင်..
သူမမျက်နှာလေးပေါ်က
ဝမ်းနည်းမှုတွေကထင်ရှားနေတယ်.."ဟုတ်ကဲ့ဂရုစိုက်ပြန်ပါရှင်"
ကျွန်တော်စိတ်မကောင်းစွာတွေးမိတယ်..
သူမကိုယ်သူမ
စူပါဟီးရိုးတယောက်လိုများထင်နေတာလား..
မျက်ရည်က
အခုထိကျမလာသေးဘူး
ကြည့်ရတာ..
ရင့်ကျက်တဲ့လူကြီးတယောက်လို.
ကြိုးစားပြီးဆုံးရှူံးမှုကို
ရင်ဆိုင်နေတယ်..ကြောင်တောင်တောင် များဖြစ်သွားတာလားလို့
တွေးမိပေမယ့်လည်းသတိတော့ရှိသေးတယ်..
ဧည့်သည်တွေကိုနှုတ်ဆက်တယ်..
အမျိုးတွေကိုဘာလုပ်ဖို့လိုသေးလည်းမေးတယ်..အနည်းငယ်ပွနေတဲ့
သူမဆံပင်လေးပေါ်မှာညှပ်ထားတဲ့
ဆံညှပ်အဖြူရောင်လေးက
ကျွန်တော့်ကိုဆိုးဝါးစွာရင်နာစေလေရဲ့..
နဂိုထဲကဖြူဖွေးလွန်းတဲ့အသားအရည်က
ထိတ်လန့်မှုကြောင့်များလားမသိ
ဖျော့တော့နေတယ်..
ရေသောက်ထားပုံမရတဲ့နှုတ်ခမ်းတွေက
ခြောက်ကပ်လို့..ဘူဆန်ကရောက်လာတဲ့သူမအဘွား
ရှိုက်ကြီးတငင်ငိုနေတာကို..
သူမအပြစ်မကင်းသလိုပဲ
နှစ်သိမ့်ဖို့စကားရှာနေသလို
တုန်နေတဲ့နှုတ်ခမ်းဖြူဖြူတွေကိုကြည့်ရင်း..
ကျွန်တော်ကပဲ သူမကိုယ်စား
မျက်ရည်တွေခဏခဏကျမိလေရဲ့.."Luhan ge..အလုပ်ရှိရင်ပြန်သွားလိုက်လေ..
တညလုံးလေယာဉ်စီးလာရတာမနားရသေးဘူးမလား"ကြည့်ပါလား..
သူမတကယ်ဘယ်လိုဖြစ်နေရတာလဲ..
အသက်နှစ်ဆယ်တောင်မပြည့်သေးတဲ့
ကျွန်တော့်ရဲ့ကောင်မလေးသေးသေးလေးဟာ
ဘာလို့များဒီလိုဆိုးဝါးတဲ့ဆုံးရှူံးမှုကိုခံနိုင်ရည်
ရှိသလိုလုပ်နေရတာလဲ..ဘာလို့အခုထိမငိုသေးတာလဲ..
ကျွန်တော်ရှိနေတာပဲလေ..
အနည်းဆုံးတော့
ကျွန်တော့်ပခုံးပေါ်ခေါင်းမှီထားပြီး
ငြိမ်ငြိမ်လေးထိုင်နေသင့်တာ..
YOU ARE READING
Three hearts..Two loves..One destiny..
FanfictionA beautiful love triangle between.. ..