ဘယ်သူကထင်မှာလဲ..
ကျွန်တော့်ရဲ့ halloween night ကို..
ခေါင်းမှာပတ်တီးအဖွေးသားနဲ့ကုန်ဆုံးရမယ်လို့...ခေါင်းမှာပတ်တီးအဖွေးသားနဲ့ကထားပါဦး..
ဘယ်သူကထပ်ထင်မိဦးမှာလဲ..
ခေါင်းမှာပတ်တီးအဖွေးသားနဲ့ကျွန်တော်ဟာ..
ခြေထောက်ဒဏ်ရာကြောင့်
ပြဇာတ်မှာမပါဝင်ရတော့လို့တငိုငိုတရယ်ရယ်လုပ်နေတဲ့
ဒီ drama queen ကြီးရဲ့ကုတင်ဘေးမှာထိုင်ပြီး
နှစ်သိမ့်နေရလိမ့်မယ်လို့.."..ငါလမ်းလျှောက်နိုင်တာပဲကို ဟင့်.."
သူမကတရှူံ့ ရှူံ့ ငိုရင်းပြောတယ်..
"တော်ပြီ တော်ပြီ..ငါသေသွားတာပဲကောင်းတယ်
မနက်ဖြန်ညဆိုရင်သူတို့ကကြ
တော့မယ် Tao ah..ပါ့ပါက အရမ်းလွန်တာပဲ
ငါလမ်းလျှောက်လို့ရတာပဲကို ဟင့်""လမ်းတော့လျှောက်လို့ရတာပေါ့..က လို့တော့
ဘယ်ဖြစ်မလဲ နင်ကလည်း..မငိုနဲ့တော့ တိတ်
ရုပ်ဆိုးလိုက်တာ ဘဲ မကြီးကျနေတာပဲ"ကျွန်တော်သူမနှာခေါင်းဝမှာကျလာခါနီးနှာရည်တချို့ကို
သုတ်ပေးရင်းပြောတော့ ခဏရပ်သွားပြီးကျွန်တော့်ကို
ကြည့်လာလေရဲ့..
အမှန်တော့ဒီလောက်ဝမ်းနည်းစရာလည်းမရှိဘူးရယ်..ယွဲမ်ယွဲမ် မ ဟာသူ့ရဲ့အပြစ်တွေဖုံးကွယ်ချင်လို့
ကျွန်တော်ဂရုစိုက်တာခံချင်လို့တမင် ပိုနေတာ
အသိသာကြီး..
သူမအနေနဲ့ပျော်ရင်တောင်ပျော်နေမှာ.
ကျွန်တော်နဲ့ပြန်ခေါ်ဖို့လမ်းစရလို့အင်း..ဟုတ်တယ်..
ကျွန်တော်လည်း ပျော်တယ်..သူမရဲ့ ပါ့ပါက သူမခြေကျင်းဝတ်ကိုပလာစတာ
ကိုင်ထားပေးတယ်..မလိုပေမယ့်
ဆေးရုံဆင်းမယ်တကဲကဲလုပ်နေလို့တဲ့.."ပါ့ပါ ဒီည ခွဲခန်းဝင်စရာရှိတယ်ဆို"
"အင်း.."
"နင်.."
သူမကကျွန်တော့်ကိုအကဲခတ်သလိုကြည့်ရင်း
ဆက်ပြောတယ်...
YOU ARE READING
Three hearts..Two loves..One destiny..
FanfictionA beautiful love triangle between.. ..