"ဘာလို့လဲ yeye? ကျွန်တော်ကဘာလို့မရတာလဲ..
GeGe ကိုတောင်ခွင့်ပြုခဲ့တာပဲ..
ကျွန်တော့်ကိုဘာလို့ခွင့်မပြုနိုင်ရတာလဲ..
သူ့မှာကျတော့အမြဲတမ်းရွေးချယ်ခွင့်တွေနဲ့..
ကျွန်တော်က ဘာလို့မဖြစ်နိုင်တာလဲ
ဟင်
ဘာလို့ ခဏလောက်ပဲဖြစ်ဖြစ်တောင်ခွင့်မပြုနိုင်ရတာလဲ""Huang zitao!!! မင်းမျိုးရိုးနာမည်ကိုခေါ်လိုက်တိုင်း
ငါရင်နာရတာမလုံလောက်သေးလို့လား..
နောက်ထပ် မင်းရဲ့အသုံးမကျတဲ့အဖေရဲ့ဗီဇတွေကို
ငါ့ရှေ့မှာထုတ်ပြချင်သေးတာလား ဟမ်..""YeYe ပထမဆုံးတောင်းဆိုဖူးတာပါ..
တောင်းပန်ပါတယ်..
ခွင့်ပြုပေးပါ.. ငါးနှစ်..မဟုတ်သေးဘူး.
သုံးနှစ်ပဲဖြစ်ဖြစ်..ခွင့်ပြုပေးပါ.. yeye.""ပါးစပ်ပိတ်ထား..မင်းကိုယ်ထဲကအဲ့ဒီသွေးတွေကို
ဖြစ်နိုင်ရင်ငါ ကိုယ်တိုင်အကုန်ဖောက်ထုတ်ချင်တယ်..
ညံ့ဖျင်းတဲ့အတွေးအခေါ်တွေ..""ဒါဆို gege ကကော..
အဲ့ဒီအတွေးတွေနဲ့ gege ကကော..
သူကတော့မြင့်မြတ်တယ်ပေါ့..
သူကတော့ ဝန်ကြီးချုပ်မြေးမို့လို့မြင့်မြတ်တယ်ပေါ့
သူ့အဘိုးကြောင့် yeye ရဲ့လုပ်ငန်းတွေအကုန်
ကိုရီးယားမှာအခြေချလို့ရလို့ ..
Gege ကဘာပဲလုပ်လုပ်မြင့်မြတ်တယ်ပေါ့..
ဟုတ်လား"ွခွပ်..
စကားမဆုံးခင်ပဲ
မေးရိုးပေါ်ကျလာတဲ့လက်သီးတစ်ချက်ကြောင့်
လည်ထွက်သွားတဲ့ ခေါင်းကိုပြန်မလှည့်မိ..
နှုတ်ခမ်းဆီက ငန်ကျိကျိ အရသာကြောင့်စမ်းမိတော့
သွေးတွေ...
ဒီအရွယ်ထိ..မာန်မာနတွေမလျှော့သေးတာလား.."မိုက်ရိုင်းတဲ့ကလေး"
ကျွန်တော် နာကျင်စွာပြုံးမိရင်း
မျက်လုံးတွေဝါးလာတယ်..
မငိုဘူး..
ငိုလို့မရဘူး..
ဒီပျော့ညံ့မှုတွေ.."အခုထိ ကိုယ့်နေရာကိုယ်မသိဘူး..
အဲ့ဒီလမ်းကိုရွေးရင်အိမ်ကနေ..မဟုတ်သေးဘူး
ကိုရီးယားကနေ ထွက်သွား..
ထွက်သွားရအောင်ငါလုပ်လို့ရတယ်..zitao"
YOU ARE READING
Three hearts..Two loves..One destiny..
FanfictionA beautiful love triangle between.. ..