"သူတို့နဲ့တိုက်ခိုက်လို့မရဘူး.မင်းကမြင်းမိုရ်တောင်ကို
ဖြိုမယ့်ခါချဉ်ကောင်လိုဖြစ်နေပြီ luna..ဒီတိုင်း..
ဒီတိုင်း မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေပါကွာ
ဒီကိစ္စတွေကိုမင်းဝင်ပါမှဖြစ်မှာလား ဟမ်..
သူတို့နဲ့ပတ်သတ်ရင်ဘာကောင်းတာမှဖြစ်လာမှာ
မဟုတ်ဘူး""ဒီကိစ္စကို ကျမစခဲ့မိတာ
အဆုံးထိကျမမှာတာဝန်ရှိတယ်""မင်းက ပရောဂျက်တခုကိုအဆိုတင်သွင်းခဲ့ရုံလေ.
နောက်က..နောက်က
လူတွေအကုန်တောင်ငြိမ်နေသေး
တာ.ဒီကိစ္စမှာ
ငါမင်းကိုတကယ်မပတ်သတ်စေချင်ဘူးကွာ""Xing ah..
ကျမကိုယ့်ဘာသာလိပ်ပြာလုံချင်တယ်
ကျမတင်သွင်းမိတဲ့ပရောဂျက်ကြောင့်ပျက်စီးသွားရမယ့်
ပတ်ဝန်းကျင်ကြီးတခုလုံးကိုလျစ်လျူမရှုနိုင်ဘူး""အဲ့ဒီ Kim မိသားစု"
.
.
."ပါ့ပါ"
ရုတ်တရက် တံခါးဖွင့်ဝင်လာတဲ့ကျမကြောင့်
သူတို့နှစ်ယောက်စကားပြောတာရပ်သွားတယ်.."ဘာလဲ..ယွဲမ့်အတင်းပြောနေကြတာလား"
အလိုက်မသိစွာပြောမိတဲ့ကျမကို
နှစ်ယောက်လုံးတပြိုက်နက်အော်တယ်..."တံခါးမခေါက်တတ်ဘူးလား!!!!!"
"Miyan"
ခေါင်းပုပြကာအခန်းထဲဝင်လာတဲ့ကျမကို
သူတို့နှစ်ယောက်လုံးမကြည်သလိုကြည့်နေကြတုန်း
မှန်တင်ခုံ ပေါ်တင်ထားတဲ့ မားမာရဲ့ပိုက်ဆံအိတ်ထဲက
Credit card ကိုယူပြီးအသာထောင်ပြတော့..
မားမာက မျက်နှာထားတင်းတင်းနဲ့ခေါင်းညိတ်ပြတယ်..သူတို့တွေစကားများနေကြတာနေမှာ..
ခါတိုင်းဆိုရင်
ကိုယ့်မုန့်ဖိုးကိုယ်သုံး တို့ဘာတို့လှမ်းအော်နေကျ..
ကျမခြေဖျားထောက်နင်းကာပြန်ထွက်လာတဲ့အထိ
သူတို့စကားမပြောသေး..
အခန်းတံခါးကိုခပ်ဖွဖွပြန်ပိတ်လိုက်တော့..
ပါ့ပါဆီက
သက်ပြင်းအရှည်ကြီးချလိုက်သံကြားရတယ်...
YOU ARE READING
Three hearts..Two loves..One destiny..
FanfictionA beautiful love triangle between.. ..