Nothing but heart can change the heart....
(Caroll O'Connor)အချစ်ဆိုတာ ရေပြင်ပေါ်ကို
ခဲလုံးတစ်လုံးခပ်စောင်းစောင်း
ပစ်လိုက်လို့ရှပ်ပြေးသွားတဲ့အခါ ပေါ်လာတဲ့
ဂယက်တခုလိုပျော်ရွှင်မှု ခပ်ပေါပေါမျိုးလို့
ယုံကြည်ထားတဲ့ကျွန်တော့်အတွက်..
စစ်မှန်တဲ့ အချစ်မျိုးကိုကြုံတွေ့ရတဲ့အခါ....~~~~~~~~~~~~~~~~~~~~~~~~
မှတ်မိနေသေးတယ်..
သူမကိုစပြီးတွေ့ခဲ့တဲ့နေ့လေး.."Qu'est-ce qur je ferais sans toi?
Je ne peux pas vivre sans toi.
Tu es la mes rêves!! Aishh ဘာတွေလဲ
ဟူး..
Je vis d'amour ဘာပါလိမ့်..
et d'eau douce
ငါကဒါတွေပြောရမှာလား?
WHA-DA-Ffff.....hell"အဲ့ဒီနေ့က french class ရဲ့
romantic week
မှာ..ပျက်ကွက်ထားတဲ့ရက်တွေအတွက်
စာပြန်ကူးဖို့
အစောကြီးရောက်နေတဲ့ကျွန်တော်က..ဒီနေ့ပြောရမယ့် romantic conversation
ကိုတယောက်ထဲ ပွစိပွစိလုပ်ပြီးထိုင်ဖတ်နေတဲ့
သူမရဲ့ ငှက်လိုလို အသံစာစာအဆုံးမှာ
ပီပီသသကြီးဆဲလိုက်တော့မလိုလုပ်ပြီး
ကျွန်တော့ကိုလှမ်းကြည့်ကာအနည်းငယ်ယဉ်ကျေးမယ့်
စကားတလုံးအစားထိုးဆဲလိုက်တဲ့သူမကို
သဘောကျစွာရယ်မိတာကနေအစပြုခဲ့တယ်.."Miyan sunbae"
သူမက တကယ်ချစ်ဖို့ကောင်းတဲ့မိန်းကလေးပါ
ခါးလောက်နီးနီးရှိမယ့်
အညိုရောင်ဆံပင်နွယ်နွယ်လေးတွေနဲ့
တောက်ပတဲ့မျက်လုံးလှလှလေးတွေ..ကောင်မလေးတိုင်းရင်းနှီးချင်ကြတဲ့
ကျွန်တော့်ကိုဝတ်ကျေတန်းကျေ ပြုံးပြကာ
ပြန်လှည့်သွားတဲ့သူမရဲ့..
အခုတင်လျှော်လာပုံရတဲ့ဆံပင်ရှည်ရှည်လေးတွေဆီကစတော်ဘယ်ရီရှန်ပူနံ့လေးက..
အဲ့ဒီညက ကျွန်တော့်အိပ်မက်ထဲမှာပါလာခဲ့လေရဲ့
~~~~~~~~~~~~~~~~~~~~~~~
လူတကာအားကျရတဲ့ကျွန်တော်ရဲ့ငယ်ဘဝက
တဖက်က ငွေကြေးဥစ္စာ..
တဖက်က အာဏာ ဆိုတဲ့ အဘိုးနှစ်ယောက်ကြားက
ချစ်ကြည်ရေးနယ်ရုပ်လေးတစ်ရုပ်မျှသာဖြစ်ခဲ့ပါတယ်..
YOU ARE READING
Three hearts..Two loves..One destiny..
FanfictionA beautiful love triangle between.. ..