သူငယ်ချင်းတစ်ချို့ရဲ့ ခန့်မှန်းချက်ပေါင်းများစွာကို
ဂုဏ်ယူစွာပဲ အမြဲ ကျွန်တော်ပယ်ချဖူးတယ်..ယွဲမ် နဲ့ မကြာခင်တွဲတော့မှာမလား တဲ့...
ဟင့်အင်း..
ယွဲမ်က ကျွန်တော့်အတွက်..သူတို့ထင်တာထက်
အများကြီး အဓိပ္ပါယ် ရှိတဲ့မိန်းကလေးမျိုးပါ..အရွယ်ရောက်ကာစ စိတ်ကစားတဲ့ အချစ်မျိုးနဲ့
မထိုက်တန်ဘူး..သူတို့တွေတွေးသလို
သူငယ်ချင်းသံယောဇဉ်တွေကြောင့် ချစ်သူဖြစ်သွားတယ်
ဆိုတဲ့ ပစ်စလက်ခတ် ယူဆမှုတွေနဲ့မထိုက်တန်ဘူး..တချိန်လုံးအတူသွားအတူလာနေတာတွေကြောင့်..
တွဲဖြစ်သွားတယ်ဆိုတဲ့ လူတွေရဲ့ ခပ်ပေါပေါ
ခန့်မှန်းမှုတွေနဲ့မထိုက်တန်ဘူး..ယွဲမ်က ကျွန်တော့်အတွက်..အရာအားလုံးပါ..
သူမကကျွန်တော့်အတွက် ကမ္ဘာကြီးတစ်ခု..
ကျွန်တော့်အတွက်မိသားစုတစ်ခု..
ကျွန်တော့်အတွက်နွေးထွေးတဲ့ အိမ်လေးတစ်လုံး..
အမြဲတယုတယ တန်ဖိုးထားခဲ့ရတဲ့..
အစားမရနိုင်တဲ့ ဘုရားသခင်ဆီကလက်ဆောင်..သူမအပြုံးလေးတွေက ကျွန်တော့်အတွက်..
အိပ်မက်လှလှလေးတွေဖြစ်တယ်..
သူမရယ်သံလေးတွေက ကျွန်တော့်အတွက်..
လှပတဲ့သံစဉ်လေးတွေဖြစ်တယ်..ဘယ်သူမှ နားလည်နိုင်မှာမဟုတ်ဘူး..
သူမဟာ ကျွန်တော့်အတွက်ဘယ်လိုလူမျိုးလဲဆိုတာ..
ပြီးတော့.သူမကို ဘယ်လောက်တောင်ချစ်တယ်ဆိုတာ..
~~~~~~~~~~~~~~~~~~ယွဲမ်ယွဲမ်.. .
အရမ်းပဲ နာကျင်သွားမလား..
အဲ့ဒီနေ့က..ကျောင်းဆေးခန်းမှာ..မိုးရေတွေစိုရွှဲနေတဲ့သူမက..
ကျွန်တော့်ကိုမယုံနိုင်သလိုမျက်လုံးလေးတွေနဲ့ကြည့်လို့
ချမ်းလို့လား..ဝမ်းနည်းလို့လားမသိ.
တစ်ကိုယ်လုံးလည်းတသိမ့်သိမ့်တုန်လို့..
YOU ARE READING
Three hearts..Two loves..One destiny..
FanfictionA beautiful love triangle between.. ..