"စား စား"
"ဘာတွေလဲ baobei,
eww နှာခေါင်းနှိုက်ပြန်ုပြီလား?""ဟုတ်တယ်..ဟုတ်တယ်..
နှပ်ချေးအကြီးကြီးရတယ်..စား""Arrrr ရွံဖို့်ကောင်းလိုက်တာ "
Zitao ကကြက်သီးထစွာအော်ပြီးလွင့်ပစ်တယ်
Beibeiကတဖြည်းဖြည်းဆိုးလာပြီ..သူမကသဘောကျစွာရယ်ပြီးအောက်ကျသွားတဲ့
နှပ်ချေးကိုလိုက်ရှာတယ်..
တခစ်ခစ်ရယ်နေတဲ့အခါ beibeiဟာ
Luhan နဲ့သိပ်တူတယ်..ကားထဲမှာ အလုပ်ရှူပ်နေတဲ့သူတို့သားအဖကို
Luhan ကသတိလက်လွတ်ငေးကြည့်နေတယ်..သူဘာလုပ်သင့်မှန်းသူမသိဘူး..
သူနဲ့သိပ်တူလွန်းတဲ့ကလေးလေးဟာ..
မြင်ရုံနဲ့တင် သူ့သမီးလေးဆိုတာသိသာလွန်းတယ်..
ခုနက ကားထဲကထွက်လာတဲ့ကလေးလေးကို
Taoကအသာလေးပဲပွေ့ချီပြီးသူ့ကိုပြောတယ်..အချိန်ခဏပေးပါ တဲ့..
သူ့ရဲ့သမီးလေးက Taoကိုပါ့ပါလို့ခေါ်တယ်..
ယွဲမ်ကကော..Taoနဲ့အတူရှိနေခဲ့တာပေါ့..
တလျှောက်လုံး..ကလေးလေးနဲ့အတူ...
အလိုမကျစိတ်နဲ့ မနာလိုစိတ်တွေက
လှိုင်းတွေလိုတရိပ်ရိပ်တက်လာတယ်..သူတို့သုံးယောက် မိသားစု အဖြစ်
နာနေပြီးသား ရင်ထဲကို
ထပ်ပြီး ခပ်ချွန်ချွန်အရာတခုနဲ့ထိုးစိုက်လိုက်သလို
စူးအောင့်လာပြန်တယ်..သူ့ရဲ့ သမီးလေးကို..
ဘာလို့လဲ..
ဘာလို့ ယွဲမ် ကပါ ဒီလို မျိုး..ကလေးမလေးက ကားထဲကနေ luhanကို
လှမ်းကြည့်တယ်..
သူမ မျက်လုံးလေးတွေက..သူ့လိုပဲသိပ်လှတယ်.."ပါ့ပါ..အပြင်ကဦးဦးကဘာကိုစောင့်နေတာလဲဟင်"
"အော..ပါ့ပါနဲ့ခဏသွားစရာရှိလို့..
ဟိုတယ်မှာ မမတွေနဲ့ခဏစောင်နော့် ဟုတ်ပြီလား"
YOU ARE READING
Three hearts..Two loves..One destiny..
FanfictionA beautiful love triangle between.. ..