"I just wanna know you better know.
You better now..
I just wanna know you better know
You better now..
I just wanna know you..know you..""ငါ ယွဲမ်ယွဲမ့်ကိုနမ်းလိုက်တယ်.."
"ဘာာာ???"
ကျွန်တော့်ရဲ့အဆက်အစပ်မရှိ
ထပြောတဲ့စကားကြောင့်
ဂစ်တာတီးရင်း taylor swift
သီချင်းကိုခပ်တိုးတိုးဆိုနေတဲ့
chanyeol ကအာပြဲနဲ့ထအော်တယ်သူ့မေးစေ့ကလည်း
အောက်ကိုသုံးလက်မလောက်
ကျသွားပြီးတော့..ပါးစပ်အဟောင်းသားနဲ့..
စက္ကန့်ပိုင်းအတွင်းမှာပဲ
သူ့မေးကိုသူကိုင်ပြီးပြန်တင်ကာ
ကျွန်တော့်ကို မေးပြန်တယ်.."အစိုလား အခြောက်လား"
"Yarrr Park chanyeol!!!"
သူက တော့.
ကျွန်တော်လှမ်းပေါက်လိုက်တဲ့ ခေါင်းအုံးကိုဖမ်းပြီး
ကျွန်တော့်အဖြေကိုကြားချင်သလိုကြည့်နေတုန်း..
ကျွန်တော့်ရဲ့တားမြစ်သလိုအော်သံက
သူ့အပေါ်မသက်ရောက်သလို..
သူကပဲ မေးသင့်မေးထိုက်တာကိုမေးနေသလိုပုံစံနဲ့..Chanyeol ရဲ့အကြည့်တွေကြောင့်
ကျွန်တော်သူ့ကိုတိုင်ပင်ချင်စိတ်တွေ
တဖွားဖွားပေါ်လာတယ်..Chanyeol ကသူငယ်ချင်းတွေကြားထဲမှာ
ဆရာကြီးတစ်ယောက်..
အားလုံးရဲ့ချစ်ခြင်းမုန်းခြင်းခံစားမှုပြဿနာ
တွေကိုအမြဲတမ်း အကြံပေးတတ်တယ်..
သူပေးတဲ့အကြံဥာဏ်တွေ အသုံးဝင်တာမဝင်တာထက်
လှိုက်လှဲနွေးထွေးပြီး သူများပြဿနာကိုသူ့ပြဿနာ
လိုပဲစိတ်ဝင်တစားဆွေးနွေးတတ်တဲ့
သူ့အကျင့်ကြောင့်
သူ့ကိုပြောပြလိုက်ရင် အနည်းဆုံးတော့
ပေါ့သွားမယ်လို့ ထင်တယ်.."မထင်မှတ်ပဲ ဖြစ်သွားတာ..
သူကမျက်လုံးမှိတ်လိုက်တယ်ကွာ..ငါလည်း."Chanyeol ကကျွန်တော့်ကိုဆက်ပြောလေဆိုတဲ့ပုံနဲ့
မေးဆတ်ပြတယ်...
ပေါင်ပေါ်မှာဂစ်တာတင်ထားပြီး..လက်တစ်ဖက်က ခုနကကျွန်တော်ပစ်ပေါက်လိုက်တဲ့ခေါင်းအုံးနဲ့
ကို့ယို့ကားယားပုံတောင်မပြင်သေးပဲ chanyeol က
ကျွန်တော့်ကို ဆရာကြီးပုံနဲ့ မျက်လုံးတွေမှေးစင်းပြီး
ကြည့်နေတယ်..
YOU ARE READING
Three hearts..Two loves..One destiny..
FanfictionA beautiful love triangle between.. ..