Jongin ရေ မင်းမရှိတော့ ကျန်ခဲ့တဲ့ မင်းရဲ့အငွေ့အသက်တွေကိုကြည့်ပြီး လွမ်းတယ် မင်းရဲ့စကားသံလေးတွေ အပြုံးချိုချိုလေးတွေကိုလွမ်းတယ် ငါမင်းကို အရမ်းလွမ်းတယ် Jongin ရယ်
☆☆☆☆☆☆☆☆☆☆☆☆☆☆
" Jongin နဲ့ Yuri ကို သဘောတူတယ်မဟုတ်လား "
အိမ်အပြင် မြက်ခင်းဘက်ဆီကို လှမ်းနေသည့် KyungSoo ခြေလှမ်းတွေ ထိုအသံကြောင့် ရပ်တန့်သွားမိသည်။လက်ထဲကိုင်လာသော ဝိုင်ပုလင်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိကာ ထပ်မံထွက်လာမည့် စကားသံကိုနားစွင့်ထားမိလေသည်။
" ကလေးတွေ သဘောကျတာပဲ ဘာမတူစရာရှိလဲ ငါ့သမီးကို ချစ်ပေးတာ ငါကတောင် ကျေးဇူးတင်ရမှာ "
ရပ်နေသည့် KyungSoo ခြေထောက်တွေ မခိုင်ချင်တော့ အိမ်နှင့်ခြံကို ဆက်သွယ်ထားသည့် လှေကားထစ်လေးတွင်အသာထိုင်ရင်း နာကျင်နေသော နှလုံးသားနှင့် အသံတိတ် ငိုကြွေးနေမိသည်။တစ်ချိန် ဖြစ်လာမည်ဟု ကြိုတင်တွေးထားမိသော်လဲ တကယ်တမ်းရင်ဆိုင်ရသည့်အခါ KyungSoo နှလုံးသားက သဘောထားမကြီးဘူး ထင်ပါရဲ့။ဝဲတက်လာသော မျက်ရည်တွေကို အသာထိန်းကာ ဒါ ငိုစရာကိစ္စ မဟုတ်ဘဲ တွေးပြီး စိတ်တွေဖြေနေရသည့် ကိုယ့်စိတ်ကို မုန်းမိပြန်သည်။
စိတ်တွေကို ခနအနားပေးလိုက်တော့ အနည်းငယ်တည်ငြိမ်သွားလေသည်။ဒီတော့မှ ဝိုင်ပုလင်းဆွဲကာ စကားဝိုင်းထဲပြန်ဝင်လာမိသည်။ပိတ်ရက်ဖြစ်သောကြောင့် မိသားစု သုံးစုလုံး ဆုံဖြစ်ကြကာ KyungSoo အမေက hotpot လုပ်ကျွေး၍ KyungSoo တို့ခြံဝန်း မြက်ခင်းပြင်တွင် စည်ကားနေလေရဲ့။အကင်တွေကင်ရင်း စားရင်းသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြောကာ ပျော်ရွှင်နေကြသည့် မိဘများကိုကြည့်ရင်း KyungSoo လဲပျော်ရွှင်နေမိပါသည်။မိသားစုဆုံတွေ့ပွဲမှာမပါနိုင်သည့် Jongin ကိုလဲလွမ်းရင်းနဲ့ပေါ့။သောက်စရာကုန်သွား၍ KyungSoo အိမ်ထဲဝင်ကာ ဝိုင်ပုလင်းယူပြီးပြန်ထွက်လာချိန် မိဘများပြောနေသည့် Jonin နှင့် Yuri တို့၏အခြေအနေကိုကြားလိုက်ရခြင်းပါ။
" KyungSoo ရော ဘယ်လိုလဲ မင်းသူငယ်ချင်းနှစ်ယောက်အကြောင်းကို "