အပိုင်း ၁၁

6.7K 727 54
                                    

"သာယာလိုက်တာနော် "

ရွှင်လန်းနေပုံရသော Yuri အသံကိုကြားမှ Jongin ပတ်ဝန်းကျင်ကိုသတိပြုမိလေရဲ့။Jongin တို့ထိုင်နေသော စိမ်းလန်းသည့် မြက်ခင်းပြင်တွေရဲ့အဆုံး ကြည်လင်ပြာလဲ့နေသော ရေကန်ရှိနေလေသည်။ထိုရေကန်ကိုဖြတ်၍တိုက်ခတ်လာသော လေနုအေးရဲ့အေးမြမှုကလဲ ပို၍ သာယာနေသလိုပင်။

ထိုသာယာမှုက Jongin စိတ်တွေကိုလန်းဆန်းမှု မပေးနိုင်။ထိုအေးမြမှုက Jongin ရင်ထဲကအပူကို အေးချမ်းမှုမပေးနိုင်။

"ငါ့ကို ပျော်အောင်ခေါ်လာပေးတဲ့သူက အခြေအနေပိုဆိုးနေသလိုပဲ "

Jongin မျက်နှာပျက်နေသည်ကို ရိပ်မိဟန်တူသော Yuri ကမေးလာတော့ မဟုတ်ပါဘူး အိပ်ချင်နေလို့ ဟုသာဖြေမိလေရဲ့။စိတ်ထဲကခံစားချက်တွေအတိုင်း ပေါ်နေသည်ကလဲ Jongin အားနည်းချက်တစ်ခုပင်။ဟန်ဆောင်တတ်သည့် ပညာရပ်မျိုး တကယ်လိုချင်မိသည်လေ။

"KyungSoo ပါလာရင် ပိုကောင်းမယ်နော် သူလဲ ခုတလော အလုပ်များနေလားမသိဘူး တွေ့ကိုမတွေ့ရဘူး "

KyungSoo ဟူသော အမည်ကိုကြားလိုက်သည်နှင့် ရင်ထဲအေးမြမှု လှိုက်ဖိုမှုနှင့်အတူ တင်းကျပ်မှုတွေကိုပါ တစ်ပြိုင်ထဲခံစားနေရသည်။Yuri ပြောလဲပြောစရာပင်။နှစ်ရက်ရှိပြီ။Yuri ကိုညစာလိုက်ကျွေးသည့်နေ့က စောင့်နေမယ်ပြောပြီး အစောကြီးအိပ်ပျော်သွားသည့် KyungSoo ကို ပင်ပန်းနေသည်ဟုသာ ထင်မိခဲ့ပေမယ့် နောက်နေ့တွေမှာ KyungSoo အပြုအမူတွေက သံသယဝင်စရာကောင်းနေခဲ့သည်။ကျောင်းကိစ္စဖြင့် အလုပ်များနေသည်ဟု အကြောင်းပြပြီး တစ်နေ့လုံးနေလို့မှ မျက်နှာတစ်ကြိမ်တွေ့ဖို့အရေး ရှားပါးလွန်းနေလေရဲ့။စကားပြောဖို့ဝေးစွ အပြုံးတစ်ခုမြင်ရဖို့တောင် ခဲယဉ်းလွန်းနေလေတော့ Jongin မတင်မကျဖြစ်နေမိသည်။ဘာရယ်မသိ KyungSoo တစ်ယောက် Jongin အားရှောင်လွှဲနေသလိုခံစားမိတော့ စိတ်ထဲ ထူးဆန်းမှုတို့နဲ့အတူ ပူလောင်မှုပါ ရောထွေခံစားနေရသည်လေ။

"ဘာတွေစဉ်းစားနေတာလဲ Jongin ရဲ့"

"ဟင်  ဘာမေးလိုက်တာလဲ Yuri "

Yuri ပခုံးပုတ်ကာ သတိပေးတော့မှ လက်ရှိအချိန် ကိုစိတ်ပြန်ကပ်လေရဲ့။Jongin ရဲ့ ကြောင်အအဖြစ်နေမှုကို Yuri ကပြုံးရင်း မှတ်ချက်ပေးနေလေရဲ့။

FRIENDWhere stories live. Discover now